Chapter 108 (Uni & Zawgyi)

4K 539 15
                                    

Unicode

အခန်း(၁၀၈) မင်းအိပ်နေတာကို ကြည့်နေချင်လို့-၃

ချန်ရှုံ့ချီသည် သူမ၏ပါးပြင်ကို ကြင်နာစွာ ပွတ်သပ်နေသည်။ သူမ မတုံ့ပြန်လာတော့ ဒူးအောက်ကတော လက်တစ်ဖက်လျိုသွင်းပြီး ပွေ့ချီသည်။ စုယာယာမှာ လန့်လွန်းလို့ အော်လိုက်မိစဉ် သူမရဲ့လက်နှစ်ဖက်ကလည်း သူ့လည်ပင်းကို ဖက်တွယ်ထားသည်။ သူက ရယ်ပြန်ကာ နောက်ထပ်အနမ်းတစ်ခုခြွေဖို့ ခေါင်းငုံ့လာခဲ့ပြန်သည်။ နားနေခန်းဆီသို့ သူမကို ပွေ့ချီသွားခဲ့စဉ် သူတို့နှစ်ဉီးသည် တစ်ဉီးကိုတစ်ဉီး ရစ်ပတ်နှောင်ဖွဲ့နေဆဲပင်။ နှစ်ယောက်သား အခန်းထဲရှိ အိပ်ယာအကြီးကြီးထက် လူးလှိမ့်ခဲ့ကြတော့သည်။

စုယာယာ ပြန်နိုးလာခဲ့စဉ်မှာတော့ ညနေခင်းပင် ရောက်နေခဲ့ပြီ။ ချန်ရှုံ့ချီဆီမှ အားမာန်အပြည့်နှင့် ချစ်ခြင်းဋီကာ ဖွဲ့ဆိုခဲ့ပြီးနောက် သူမ သတိမေ့သွားခဲ့တော့သည်။ သူမ နိုးလာခဲ့ချိန်မှာတော့ နှစ်နာရီလောက်ကြာအောင် အိပ်ပျော်နေခဲ့လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

တံခါးနားမှာ လှုပ်ရှားမှုတစ်ခု ရှိလာခဲ့၏။ ချန်ရှုံချီသည် တံခါးကိုဖွင့်ပြီး ဝင်လာသည်။ သူမ နိုးနေသည်ကို မြင်တော့ သူက အိပ်ယာဆီလျှောက်လာပြီး သူမနှင့် အကြည့်ချင်းဆုံ သည်။

"နိုးပြီလား?"

"စုယာယာက ခေါင်းညိတ်သည်။

"အွန်း"

"ကို ခုပဲအလုပ်ပြီးသွားတာ" ချန်ရှုံချီက ပြောသည်။

"ထ.. အိပ်ပြန်ရအောင်"

စုယာယာသည် လက်တွေကို ဆန့်ထားပြီး သူမ၏ မျက်ဝန်းလှလှလေးတွေကတော့ တဖျက်ဖျက်ခတ်ရင်း ပွေ့ချီ ဖို့ သူ့ကို အမူအရာပြလိုက်သည်။

"လောင်ကုန်း, ယာယာကို ချီပါ!"

ချန်ရှုံချီသည် ခေါင်းတယမ်းယမ်းနှင့် အလိုလိုက်လိုသည့် အသံနှင့် ပြောလာသည်။

"မင်းကတော့လေ.. တကယ့် ကလေးလေးလိုပဲ"

"ပင်ပန်းနေလို့"

စုယာယာက မလျော့စတမ်းပြောသည်။ သူမ၏ မျက်ဝန်းဝိုင်းကြီးတွေနှင့် သူ့ကို စိုက်ကြည့်နေပြီး သူမကို အလွန်တရာ အနိုင်ကျင့်ခဲ့သူက သူဖြစ်ကြောင်းစွပ်စွဲနေ သယောင်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now