အခန်း(၅၁)မင်းက ကိုယ့်အပိုင်ပဲ ဖြစ်ရမယ်
လေနွေးနွေးလေးက စုယာယာရဲ့မျက်နှာပေါ် ဖြတ်ပြေး နေသည်။ သူမက တွန့်သွားကာ
"လာမရှုပ်နဲ့နော်"
ချန်ရှုံချီသည် တိုးတိုးလေး တခစ်ခစ်ရယ်ကာ သူမ မျက်နှာဘေးနားလေးကို ထပ်နမ်းပြန်သည်။ သူ့ဘေးရှိ ဆိုဖာပေါ် သူမကို ဆွဲချကာ မေးသည်။
"ဒီနေ့ လူရွေးပွဲက အဆင်ပြေခဲ့လား?"
စုယာယာက အမြန် ခေါင်းငြိမ့်ကာ
"အရမ်းအဆင်ပြေတယ်.. K မိသားစုရဲ့ နာရီကြော်ငြာ ကို ယာယာ ရခဲ့တယ်"
သူမမျက်နှာပေါ်မှာ တောက်ပပြီး ရှုမောဖွယ်ရာ အပြုံး လေးတစ်ပွင့် တည်နေ၏။ သူမသည် ချီးကျူးစကား တောင်းခံသည့် ပုံစံလေးဖြင့် ချန်ရှုံချီထံ မော့ကြည့်နေသည်။
"ကောင်းတာပေါ့"
ချန်ရှုံချီသည် ချီးကျုးစကားဆိုပြီး သူမခေါင်းကို ပွတ် ပေးသည်။
ဟီးဟီး, စုယာယာသည် အရမ်းပျော်နေခဲ့ကာ ချန်ရှုံချီရဲ့ ခန္ဓာကိုယ်ကို မှီကပ်တိုးဝှေ့လျက် သူမဖာသာ ကပ်ချွဲနေသည်။ သူ စိတ်အခြေအနေကောင်းနေဆဲဖြစ်တုန်း သူမက ထပ်ပေါင်းပြောသည်။
"ယာယာကလေ K မိသားစုရဲ့နာရီကြော်ငြာကို ရခဲ့ပေမယ့် ကိုပဲ ပြောတယ်လေ.. ဒီမနက်တုန်းက ကိုယ်က ယာယာကို ကြော်ငြာတစ်ချို့ ပေးမယ်ဆိုတာလေ.. ကိုယ့်စကားကို တည်ရမယ်နော်"
သူမသည် သူ့ကို တောက်ပသောမျက်ဝန်းအစုံဖြင့် စိတ်အားထက်သန်စွာ ကြည့်နေခဲ့၏။ သူ့စကားလုံးတွေကို ပြန်ရုတ်သိမ်းသွားမည်ကို စိုးရိပ်စွာဖြင့်။ ချန်ရှုံချီ၏ နှလုံးသားသည် နူးညံ့ပျော့ပြောင်းလာကာ သူက အလိုလိုက်သည့် လေသံဖြင့် ပြောသည်။
"ဟုတ်ပါပြီကွာ,, ကိုယ် မင်းကို ပေးမယ်လို့ ပြောထားခဲ့တာပဲ.... မင်းအတွက် တစ်ယောက်ယောက်ကို စီစဉ်ခိုင်းလိုက်မယ် ဟုတ်ပြီလား?"
"ဟုတ်" စုယာယာက ခေါင်းငြိမ့်ကာ ပျော်ရွင်စွာ ပြုံးနေရင်း
"ကျေးဇူးတင်ပါတယ်, လောင်ကုန်း"
ချန်ရှုံချီသည် အပြုံးတစ်ပွင့်ကို ပြန်လည်ထုတ်ပြသည်။
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now