အခန်း(၃၈) သူမ ဘယ်တုန်းကမှ သူ့နှလုံးသားကို ဖမ်းဖို့ မတွေးဖူးဘူး

7K 863 25
                                    

Unicode

အခန်း(၃၈) သူမ ဘယ်တုန်းကမှ သူ့နှလုံးသားကို ဖမ်းဖို့ မတွေးဖူးဘူး

ဟားဟား သူမလည်ပင်းပတ်ပတ်လည်မှာ အလည်က ရေစက်ပုံစိန်တုံး အကြီးကြီးတစ်ခုနဲ့ လည်ဆွဲတစ်ခု ရှိနေ တယ်။ ထိုစိန်ကို ဝန်းရံထားတာကတော့ စိန်တုံးသေးသေး တွေ အလွှာပေါ် အလွှာထပ်လို့ပင်။ တဖြည်းဖြည်းချဲ့လာရင်း ချိန်းကြိုးနှစ်ခုနဲ့ လည်ဆွဲပုံလေး ဖြစ်လာခဲ့တာမျိုးလေး။ ရတနာပစ္စည်းအကြီးကြီးက စုယာယာရဲ့လည်ပင်းမှာ ချိတ် ဆွဲလျက်ရှိနေပြီး တလက်လက် တောက်ပနေပုံများ မြင်ရ သူရဲ့မျက်လုံးကိုပင် ကန်းသွားစေနိုင်တယ်။

သူမရဲ့ ဘဝသက်တမ်း နှစ်ခုစလုံးမှာ စုယာယာ ဒီလောက်လှတဲ့ စိန်လည်ဆွဲမျိုးကို ဘယ်သောအခါကမှ မရရှိခဲ့ဖူးပေ။ အခုတော့ သူမရဲ့ လည်ပင်းထက်မှာ ချိတ်ဆွဲ လျက်ရှိသေုာ အဖိုးတန်စိန်လည်ဆွဲတစ်ခုကို ရုတ်တရက် ကြီး ရလိုက်တယ်။ အလွန်ထိတ်လန့်သွားမိသလို ပီတိလည်း ဖြစ်မိတယ်။ သူမ စိုးရိမ်တာက ဒီလည်ဆွဲက အရမ်းတန်ဖိုး ကြီးလွန်းတယ်။

"မင်း ကြိုက်လား?"

ချန်ရှုံချီ၏ ချိုသာပြီး အနည်ငယ်ဩနေသယောင် တယောကြိုးပေါ် ပြေးလွှားနေသည့် နုတ်ကလေးတွေလို အသံလေးက လေထုထဲ ပေါ်လာ၏။ မနက်ခင်း အိပ်ယာနိုး ချိန်မို့ အနည်းငယ် အက်နေ၏။ ချိတ်ကောက်တစ်ခုလိုပင် သူ့အသံက ကြားလိုက်သည့်အချိန်မှာ သူမရဲ့နှလုံးသားကို အပြင်းအထန် တုန်လှုပ်ခုန်ပေါက်သွားအောင်ပင် စုယာယာ ကို ဖမ်းဆွဲသွား၏။

"ကြိုက်တယ်"

စုယာယာသည် သူ့ဘက်သို့ ပြန်လှည့်ပြီး ထိုသူ့ထံ အမြတ်တနိုး ကြည့်သည်။ သူမ အင်မတန်ကို စိတ်အခြေ အနေ အကောင်းလွန်နေပြီ။ မနေ့ညက သူမသည် ချန်ရှုံချီ ထံမှ လွန်လွန်းတယ်လို့ မဆိုသာအောင် အနိုင်ကျင့်ခံခဲ့ရ သော်ငြားလည်း မနက်မှာ ဒီလို အဖိုးတန်လွန်းလှသော စိန်လည်ဆွဲတစ်ခု လက်ခံရရှိလိုက်တဲ့ သူတိုင်း ပျော်ရွင် ကြည်နူးလို့သာ နေမှာပင်။ သူမက ချန်ရှုံချီထံ ပြုံးပြပြီး ချိုသာစွာ ပြော၏။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now