Chapter 115 (Uni & Zawgyi)

3.8K 420 2
                                    

Unicode 


အခန်း(၁၁၅) စုယာယာက တကယ့်ပြဿနာအိုးပဲ-

"ကိုယ်ပိုင်အမြင်အရပြောရင် ကျွန်တော်ကတော့ စုယာ ယာရဲ့အခြေအနေက နောက်ကတစ်ခုဖြစ်မယ်လို့ထင် တယ်ဗျ .. သူမ ဖုံးကွယ်ဖို့ကြိုးစားနေတဲ့အကြောင်းရင်းက သူမဟာ တစ်စုံတစ်ယောက်ရဲ့ရှူးဂါးဘေဘီလေးဖြစ်နေတာ မို့ပဲ"

"ဒီအကြောင်းကို ထောက်ပြရရင် ကျွန်တော်တို့ သူမ ပွဲဉီးထွက်ခဲ့စဉ်အချိန်ကို ပြန်သွားကြည့်ရအောင်..သူမက အင်တာနက်ဆယ်လီတစ်ယောက်အနေနဲ့စတင်ခဲ့ပြီး အဲ့ နောက်မှာတော့ အွန်လိုင်းဇာတ်လမ်းတွဲတစ်ခုမှာ သရုပ် ဆောင်ခဲ့တယ်.. အဲ့နောက်ကနေ အကြီးစားဇာတ်လမ်းတွဲ ထုတ်လုပ်ရေးထဲကို ရောက်သွားတယ်.. သရုပ်ဆောင် မင်းသမီးတစ်ယောက်ရဲ့ ပုံမှန်လုပ်ရိုးလမ်းစဉ်တော့ လုံးဝ မဟုတ်တာ သေချာနေတယ်.. အရှင်းဆုံးပြောရရင်ဗျာ.. တစ်ယောက်ယောက်က သူမကို နောက်ကနေ ပံပိုးပေးနေ တာပဲ"

"ခုထိ ဘာကိုမှရေရေရာရာမဟုတ်သေးဘူးလို့ထင်ရင် ခင်ဗျားတို့ သူမဝတ်လေ့ဝတ်ထရှိတဲ့ အဝတ်အစားတွေ အသုံးအဆောင်တွေကို ကြည့်ကြည့်ပါ..မင်းတို့ သူမရဲ့Weibo မှာ သွားကြည့်နိုင်ပါတယ်.. အဝတ်အစားတိုင်း, လက်ဝတ် လက်စားတိုင်း, ပိုက်ဆံအိတ်တောင်မှ အားလုံး အတော် လေး တန်ကြေးရှိတဲ့ဟာတွေပဲ.. သူမလို မယ်မယ်ရရမဟုတ် တဲ့ သရုပ်ဆောင်လေးတစ်ယောက် တတ်နိုင်တဲ့အရာမျိုး တွေ မဟုတ်ဘူး"

"ဆိုတော့ကာ အားလုံးကိုပေါင်းလိုက်ရမယ်ဆိုရင်...သူမ မှာ လုံးဝရည်စားမရှိဘူး! သူမက ဒီတိုင်း ရှူးဂါးဘေဘီလေး ပဲ!"

"ခုထိ မယုံကြည်နိုင်သေးဘူးဆိုရင် မင်းတို့ ဒီဗီဒီယိုရဲ့ နောက်ဆုံးအပိုင်းကို ကြည့်နိုင်တယ်.. အစ်မဟွေ့က သူမရဲ့ ကောင်လေးနဲ့ဆက်ဆံရေးအဆင်ပြေရဲ့လား မေးတော့ သူမ က ပြေတယ်လို့ဖြေခဲ့တယ်..အဲ့နောက်ဘယ်တော့ လက်ထပ် ကြမှာလဲလို့မေးတော့သူမပြန်မဖြေနိုင်တော့ဘူး.. နောက်ဆုံး မှ အပြုံးတစ်ခုနဲ့ အဖုံးအောက်ကအားလုံးကို ထုတ်လာခဲ့ပြီး 'သူက ခုထိလက်ထပ်ခွင့်မတောင်းသေးလို့'ဟု ပြောလာခဲ့ တာ"

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now