Chapter (82+83)

5.3K 683 48
                                    

Unicode

အခန်း(၈၂)သူက တကယ့်အမျိုးသားဇာတ်ပို့ဖြစ်နိုင်တယ်-

ကောင်းတာတစ်ခုက စုယာယာသည် သူမကိုယ်သူမ အချိန်အကြာကြီး စိတ်ရှုပ်ခံမည့်လူစားမျိုးမဟုတ်။ ထိုအတွေးကို သူမရဲ့စိတ်ထဲကနေ ထုတ်ပစ်လိုက်ကာ ချန်ရှုံ ချီရဲ့လက်မောင်းကို ဖက်တွယ်ထားသည်။ သူ့ပခုံးပေါ်မှာ ခေါင်းမှီထားရင်း ပြောသည်။

"ယာယာ သွားတာနဲ့ ကို့ကိုလွမ်းနေတော့မှာ"

ချန်ရှုံချီသည် သူမကိုငုံကြည့်ပြီး သူမရဲ့စကားလုံးတွေ ကို အသေးစိတ် တွေးတောနေသည်။ သူမက သူ့ကို သူမဆီ လာလည်စေချင်နေတာလား? သူ့နှုတ်ခမ်းတို့က အပြုံးတစ်ခု အသွင် တွန့်ကွေးသွားပြီး ဆိုလာခဲ့သည်။

"အဲဒါဆို ကို မင်းဆီလာလည်ရမလား?"

စုယာယာသည် မျက်တောင်တစ်ဖျပ်ဖျပ်ခတ်မိသည်။ ဒါက အတော်လေး ကောင်းမွန်တဲ့အဆိုပြုချက်ပဲ!

အရင်တုန်းက သူ့ကို စိတ်ကျေနပ်စေဖို့ သူမ ချန်ရှုံချီကို လွမ်းကြောင်းပြောခဲ့သည်။ သူမက သူ့ကို အရူးအမူးစွဲလမ်း နေသလိုမျိုး သူ့ကို ခံစားရစေချင်ခဲ့တာ။ ဒါပေမယ့် ချန်ရှုံချီ က သူမဆီကို တကယ်ကြီးအလည်လာခဲ့ရင်တော့ ကွဲပြား သွားခဲ့ပြီ။ အရမ်းကောင်းတဲ့အိုင်ဒီယာပဲ။

"လာမလား? "

စုယာယာသည် ချန်ရှုံချီကို မော့ကြည့်လာပြီး သူမရဲ့ မျက်လုံးတို့က စိန်ပွင့်လေးတွေလိုမျိုး တလက်လက် တောက်ပနေ၏။

ချန်ရှုံချီသည် ချက်ချင်းကြီးသဘောမတူချင်ပေမယ့် သူ က ပြောလိုက်သည်။

"လက်ထောက်ချန်ကို တစ်ချက်ကြည့်ခိုင်းရဉီးမယ်.. အလုပ်က လာလို့ရရင် အချိန်ရတဲ့အခါ ကိုယ်လာခဲ့မယ်"

"ဟုတ်" စုယာယာက ပြုံးရင်း ပြောသည်။

"လာခဲ့ရင်လေ ယာယာဆီ ဖုန်းဆက်ပြီး အရင်ပြောနော် .. မလာနိုင်ခဲ့ရင်လည်းရပါတယ်.. ယာယာမှာ အချိန်အားတာ နဲ့ ကို့ဆီ ပြန်လာခဲ့မယ်"

ချန်ရှုံချီက အရင်ပြောခဲ့သော်လည်း စုယာယာသည် သိပ်အများကြီးမျှော်လင့်မထား။ သူ လာခဲ့ရင်တော့ အကောင်းဆုံးပေါ့။ မလာခဲ့ရင်လည်း ပြဿနာမရှိပါဘူး။ သူမသာ မျှော်လင့်မထားရင် စိတ်မပျက်ရတော့ဘူးပေါ့။ သူမ ဒါကို တည်ငြိမ်စွာနဲ့ ရင်ဆိုင်ဖို့ပဲလိုတာပါ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now