အခန်း(၁၃)ချန်အုပ်စုသို့အလည်သွားခြင်း-၁အခန်း(၁၃)ချန်အုပ်စုသို့အလည်သွားခြင်း

9.1K 1K 27
                                    


Unicode

အခန်း (၁၃) ချန်အုပ်စုသို့ အလည်သွားခြင်း-၁

စုယာယာက ပုံမှန်ဝင်ငွေသာရှိတဲ့ မိသားစုကနေ လာမှန်း ချန်ရှုံချီ သိသည်။ သူမရဲ့မိဘနှစ်ပါးလုံးကလည်း ကုမ္ပဏီဝန်ထမ်း သာမန်လခစားတွေသာ။ သို့သော် သူတို့ နှစ်ဉီးစလုံးက စုယာယာကို အရမ်းတန်ဖိုးထားသည်။ ဖြစ်နိုင် တာကတော့ သမီးမိန်းကလေးဆို ပိုးမွေးသလိုမွေးထားရ မယ်ဆိုတဲ့ သူတို့ရဲ့ယုံကြည်မှုက သူတို့ရဲ့ပိုက်ဆံတွေ အားလုံးကို သူမအပေါ် သုံးမိစေတဲ့ အကြောင်းပြချက်ပဲဖြစ် မယ်။

မူလစုယာယာဟာ သူမရဲ့ငယ်ရွယ်နုပျိုစဉ်အချိန်မှာ မည်သည့်ခက်ခဲမှုကိုမှ မခံစားခဲ့ပါချေ။ ပြီးတော့ သူမရဲ့ မိဘတွေကလည်း သူမကိုဆို အကောင်းဆုံး ဈေးအကြီးဆုံး အစားအသောက်တွေ အဝတ်အစားတွေ ဆင်ပေးခဲ့ကြသည်။

ထပ်ပေါင်းရရင် စုယာယာက အရမ်းလှတယ်။ သူမက အသေအချာပင် သိမ်မွေ့လှပပြည့်စုံသည့်အမျိုးသမီးတစ်ဉီး အဖြစ် ကြီးပြင်းလာခဲ့၏။ လူတွေအများကြီးက သူမကို ပိုးပန်းဖို့ ကြိုးစားကြပြီး လက်ကိုင်အိတ်တွေ အဝတ်အစား တွေ နောက်ပြီး နာမည်ကြီးBrandတွေမှ လက်ဝတ်ရတနာ တွေနဲ့ ပိုးပန်းသူတွေပါ ရှိသည်။ ယခင် သူမ သုံးစွဲသမျှထဲမှာ ဈေးပေါသည်ဆိုသည်မှာ မရှိ။

ချန်ရှုံချီရဲ့ ပဏာမရည်ရွယ်ချက်က စုယာယာကို ဆုံတွေ့မိခြင်းအပေါ် အစားထိုးတစ်ယောက် ရှာလိုခြင်းသာ ဖြစ်သော်လည်း သူက သူမကို ပိုးပန်းဖို့အလို့ငှာ ပိုက်ဆံ အမြောက်အမြား သုံးစွဲခဲ့ရသေးတယ်လေ။ သူ သူမအတွက် ဝယ်ပေးခဲ့တဲ့ လက်ဆောင်တွေ အားလုံး အနည်းဆုံးတော့ ဂဏန်း ငါးလုံးအထက် ရှိသည်။ သူမ အထင်သေးလိမ့်မည့် ဈေးပေါပေါအရာမျိုး မပေးခဲ့ဖူးချေ။

စုယာယာ ယွမ် 5000 ပတ်ဝန်းကျင်ဂါဝန်မျိုး ဝယ်တာ က ရှားရှားပါးပါးပင်။ သူမက တကူးတက သူ့ကို ပြောဖို့ မက်ဆေ့တစ်စောင်တောင် ပို့ပေးလိုက်သေးတယ်။ ချန်ရှုံချီ စိတ်ရှုပ်သွားရချေပြီ။ သူမရဲ့ပင်ကိုစရိုက်ကိုများ ပြောင်းလဲ နေခဲ့သလား?။

သို့သော် စုယာယာရဲ့ပင်ကိုစရိုက်က မပြောင်းလဲပဲ သူမကိုက လုံးဝ အခြားလူတစ်ယောက်ဖြစ်သွားတာကိုတော့ ချန်ရှုံချီ မသိချေ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now