အခန်း(၁၄)ချန်အုပ်စုသို့အလည်သွားခြင်း-၂
ရှော့ပင်မောလ်မှ ချန်ရှုံချီရဲ့ကုမ္ပဏီထိက သိပ်မဝေးလှ ဘူး။ လမ်းတစ်လျှောက် ယာဉ်ကြောပိတ်မှုရှိခဲ့ရင်တောင် မိနစ် ၂၀ ခန့်သာ အချိန်ယူရသည်။
ဤအမျိုးသားဇာတ်လိုက်ကြီး၏ ကုမ္ပဏီက ကော်ပို ရေးရှင်းကြီးတစ်ခုပင်။ ၃၂ ထပ်ပါ အဆောက်အဉီးတစ်ခုလုံး က ချန်အုပ်စု အပိုင်ဖြစ်၏။
လူတိုင်း ဓာတ်လှေကားထဲ ဝင်ရဖို့အလို့ငှာ ကဒ် ဖြတ်ရပြီး ဝန်ထမ်းတိုင်းမှာ တာဝန်အတိအကျရှိကြသည်။ သတ်မှတ်ထားသည့်အထပ်ကိုသာ သွားခွင့်ရှိကြ၏။
စုယာယာက ချန်အုပ်စုရဲ့ ဝန်ထမ်းတစ်ယောက်လည်း မဟုတ်သလို ဒီကို တစ်ခါမှလည်း အလည်မလာခဲ့ဘူးပေ။ ဒါ့ ကြောင့် သူမမှာ ဓာတ်လှေကားသုံးဖို့ ကဒ်မရှိပါ။ သူမ အပေါ် ကို တက်မသွားနိုင်တာကြောင့် ချန်ရှုံချီကိုသာ ဖုန်းဆက်ရ တော့သည်။
စုယာယာက ချန်ရှုံချီ ဖုန်းကိုင်မယ့်အချိန်ထိ စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့၏။ နောက်ဆုံးဖုန်းမြည်သံ အပြီးမှာတော့ သူမရဲ့ဖုန်းကောလ်ကို ဖြေဆိုလာခဲ့သည်။ ချန်ရှုံချီ ၏ အသံဩရှရှက ပဲ့တင်ထပ်နေကာ
"ရောက်ပြီလား?"
စုယာယာက ဟုတ်မှန်ကြောင်း အသံတစ်ချက်ပြုပြီး ပြောလိုက်သည်။
"ခုပဲ ကားပါကင်ကို ရောက်တယ်"
"၂၆ ထပ်ကို တက်လာခဲ့" ချန်ရှုံချီမှ ပြောလာခဲ့သည်။
စုယာယာက နှုတ်ခမ်းဆူပြီး နူးနူးညံ့ညံ့လေး သတိပေး သည်။
"လောင်ကုန်း, ရှင့်ကုမ္ပဏီရဲ့ဓာတ်လှေကားကို သုံးဖို့က ကဒ်လိုတယ်ဆိုတာကို မေ့နေတာလား? ဒီက ဝန်ထမ်း မဟုတ်တော့ ယာယာမှာ ကဒ်မရှိဘူးလေ"
ချန်ရှုံချီ ဆက်ပြောသေးခင် တကယ်ကြီး ခဏရပ်သွား သည်။
"အဲဒါဆို ခဏတော့ ဧည့်သည်တွေအတွက် ထားထား ပေးတဲ့ စားပွဲမှာ ခဏထိုင်နေ.. ကိုယ် မင်းကို လာကြိုဖို့ ချန်လက်ထောက်ကို လွှတ်ပေးမယ်"
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now