Chapter 141 (Uni&Zawgyi)

3.7K 417 23
                                    

Unicode

အခန်း(၁၄၁)နက်ရှိုင်းသောအချစ်-၂

"ဒါပေမယ့် ပစ္စည်းကို အရင်စမ်းသုံးကြည့်ဉီးမယ်"

"ရတာပေါ့.. ငါသူတို့ကို ပြောလိုက်မယ်"

ကျုံဖိန်ယွင်က ပြန်ပြောလာခဲ့သည်။

ထိုကဲ့သို့ဖြင့် ကုမ္ပဏီကို ဆက်သွယ်ပြီးနောက် မြန်မြန် ဆန်ဆန်ပင် ကျုံဖိန်ယွင်သည် ပြန်စာကို ရရှိခဲ့၏။ စုယာယာ ထုတ်ကုန်ပစ္စည်းကို စမ်းသုံးကြည့်ဖို့ရာ လုံးဝကို ရရှိနိုင်တာကြောင့် သူတို့က သူမကို နမူနာset တစ်ခု ပို့ပေး လိုက်သည်။

စုယာယာ အရင်က ဒီ Skincare Brandကို တစ်ခါမှအသုံး မပြုဖူးတာကြောင့် အိမ်ကို ယူလာခဲ့ပြီး ရက်အနည်းငယ်ခန့် စမ်းသုံးကြည့်ခဲ့သည်။ အဆင်ပြေတယ်လို့ ခံစားရပြီး အစိုဓာတ် အာနိသင်တွေကလည်း အတော်အသင့်လုံလောက်သည်။ ထို့ကြောင့် သူမ ကျုံဖိန်ယွင်ထံ တုံ့ပြန်ချက် ပြန်ပို့ပေးခဲ့သည်။

နောက်တစ်နေ့မှာတော့ စုယာယာနှင့်ကျုံဖိန်ယွင်တို့ ကြော်ငြာစာချုပ်မှာ လက်မှတ်ထိုးဖို့ရာ သွားခဲ့ကြသည်။ ထို့နောက် သူတို့ ရိုက်ကွင်းအကြောင်း စီစဉ်ခဲ့ကြ၏။

*** *** ***

ခပ်မြန်မြန်ပင် 'အလှလေးနှင့်လျှာကဝေ'ရဲ့အပိုင်းအသစ် ရိုက်ကူးချိန် ရောက်ရှိလာခဲ့တော့သည်။ စုယာယာသည် သူမရဲ့ လက်ထောက်သွမ့်ရှောင်ယွီနဲ့အတူ ရောက်ရှိသွားသောအခါမှာ တော့ Host ပြောင်းလဲသွားပြီဆိုတာကို သိလိုက်ရသည်။ အစ်မဟွေ့သည် ဒီမှာ မပါရတော့ချေ။ ထို့အစား ဖုန်မင်ကျန့် ဆိုသည့်မိန်းမငယ်လေးတစ်ဉီး ဖြစ်နေခဲ့သည်။

ဖုန်မင်ကျန့်၏ Hostစကေးလ်သည်လည်း အရမ်း ကောင်းမွန်သလို သူမက ပန်းသီးချန်နယ်မှာ အမြဲလိုလို အစ်မဟွေ့နှင့် ပြိုင်ဖိုက်နေကြဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ အစ်မဟွေ့ကိုယ်စား' အလှလေးနှင့် လျှာကဝေ' မှာ Host လုပ်ရမယ်ဆိုတာကို သိတော့ သေချာပေါက် အပျော်တွေနဲ့ ပြည့်နေတော့တာပေါ့။

ဖြစ်ပုံအကြောင်းကို တိတ်တိတ်ကလေး ခိုးစုံစမ်းထားပြီး ဘာကြောင့် 'အလှလေးနှင့်လျှာကဝေ'အစီအစဉ်မှာ Hostလုပ်ဖို့ သူမကို ကမ်းလှမ်းလာရသလဲဆိုတာကို သိထား သည်။ အစ်မဟွေ့ကို ဒီလိုကန်းရအောင် ဘယ်သူကများ ပြောခဲ့လို့လဲ? သူမက မထိသင့်တဲ့တစ်စုံတစ်ယောက်ကို သွားထိမိတာကိုး!

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now