17.2K 1.3K 15
Unicode
Chp:1 ဝိညာဥ်ကူးပြောင်းခြင်း-1
ညက အတော်လေး အချိန် နောက်ကျနေခဲ့တယ်။ ပြီးတော့ အခန်းပရိဘောဂတွေကိုလည်း လှပစွာ ဆင်ထားတယ်။
စုယာယာ သူမ ဘယ်နေရာကို ရောက်နေခဲ့သလဲဆိုတာကို မဝေခွဲနိုင်လောက်အောင်ပင် သူမ အတော်လေးကို မူးဝေနေခဲ့တယ်။
မနေ့ညက သူမတို့ classmatesတွေ ပြန်လည် ဆုံစည်းပွဲ ရှိခဲ့တယ်။ ရောက်လာခဲ့ကျတဲ့ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် နှစ်နဲ့ချီအောင် မတွေ့ဖြစ်ခဲ့ကြဘူး။ စားသောက်ပြီးကျတော့ သူတို့ KTVတစ်ခုကို ဆက်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ရဲ့ အရင်အတန်းခေါင်းဆောင်က ဂိမ်းတစ်ခု ကစားဖို့ လူတိုင်းကို စုလိုက်တယ်။ မနေ့ညကတော့ စုယာယာ အတော်လေးကို ကံမကောင်းခဲ့ဘူး။ ပွဲတော်တော်များများ ရှုံးခဲ့တယ်။ ရလဒ်အနေနဲ့ကတော့ ပြစ်ဒဏ်အနေနဲ့ သူမ ဝိုင် ငါးခွက် ခြောက်ခွက်လောက် သောက်လိုက်ရတာပါပဲ။
ဝိုင်လေး နည်းနည်းပါးပါး သောက်ပြီးတဲ့နောက်မှာ​တော့ သူမ လုံးဝမူးသွားခဲ့ပြီ ။ သူမ ခေါင်းက ချာချာလည်နေခဲ့ပြီး အရာအားလုံးကလည်း ဝေဝါးနေတော့တယ်။ ဒါ့ကြောင့် သူမ လူတွေရဲ့ မျက်နှာကိုတောင် ရှင်းရှင်းလင်းလင်း မမြင်နိုင် မခွဲနိုင်တော့ကာ နောက်ဆုံးတော့ သူမ မူးမူးနဲ့ လှဲချလိုက်ပြီး KTVအခန်းထဲက ဆိုဖာပေါ်မှာပဲ အိပ်ပျော်သွားတော့တယ်။
သူမ အဲလိုဖြစ်နေစဥ် သူမရဲ့ခန္တာကိုယ်က အကြိမ်ပေါင်းများစွာ လှိမ့်ချခံနေရသလို ခံစားနေရတယ်။ သူမ တစ်ကိုယ်လုံးပေါ် လမ်းကြိတ်စက်ကြီး တစ်ခုက လူးလှိမ့်နေသလိုမျိုးပဲ..ပြီးတော့ သူမ ခန္တကိုယ်က အရိုးတွေ တစ်စစီပြုတ်ထွက်တော့မလိုပဲ..။
စုယာယာက ရေငတ်လို့ သေတော့မယ့် ငါးတစ်ကောင်လိုမျိုး သူမရဲ့ ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူမ အကူအညီရဖို့ရာ အသံပျော့ပျော့လေး တစ်ခုကိုသာ ထုတ်နိုင်ခဲ့တယ်။ ရုတ်တရက် အဖြူရောင်အလင်းတန်းတစ်ခုက သူမခေါင်းထဲ လက်သွားခဲ့ပေမယ့် ဘာတွေဖြစ်ပျက်နေခဲ့တာလဲဆိုတာကိုတော့ သူမ နားမလည်ခဲ့ဘူး။
သူမ ဘယ်လောက်တောင် အိပ်ပျော်နေခဲ့သလဲ ဆိုတာကိုလည်း သူမ မသိခဲ့ဘူး။ ရေကျသံက စုယာယာကို အတော်လေး စိတ်အနှောက်အယှက်ပေးနေတယ်။ သူမက အိပ်ယာရဲ့တစ်ဖက်ကို လှိမ့်ချလိုက်ရင်း စိတ်မတိုဘဲကို မနေနိုင်ဘူး။ *ဒီလောက်မနက်အစောကြီးမှာ ဘယ်လို ကျက်သတုံးကောင်က ရေသံ အကျယ်ကြီးဖွင့်နေတာလဲ..
တစ်စုံတစ်ယောက်ရဲ့ အိမ်မက်ကို ဖျက်ဆီးခြင်းက အကျင့်ပျက်တာပဲ စည်းမရှိတာပဲ ယုတ်မာတာပဲ....*
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now