အခန်း(၅၄)Water Army-1

6.4K 877 55
                                    

Unicode

မျှော်တဲ့သူလေးများ ရှိသေးရဲ့လား🥺

အခန်း(၅၄)Water Army-1

စုယာယာနှင့် ချန်ရှုံချီတို့ တစ်ယောက်ကို
တစ်ယောက် ချစ်ခင်ကြင်နာနေကြစဉ်
'ရှင်သန်လာသော နန်းတော်'ရဲ့ Weibo အောက်မှာတော့ များစွာသော အင်တာနက်Water Armyတွေ ရောက်နေကြပြီ။ သူတို့အားလုံးသည် ရည်ရွယ်ချက်တစ်ခုနှင့်သာ ဒီကို ရောက်နေကြခြင်း-စုယာယာကို ဖျက်ဆီးပစ်ဖို့။
သူတို့က စုယာယာအကြောင်း သိက္ခာကျစရာကောမန့်တွေ အမြောက်အမြား ရေးကြသည်။
ဉပမာ- သူမက လူတွေနဲ့ အိပ်ခြင်းအားဖြင့် သူမရဲ့ဇာတ်ကောင်နေရာတွေကို ရခဲ့တဲ့ သာမန်
အွန်လိုင်းသရုပ်ဆောင်လေးတစ်ယောက်လို့ ပြောကာ သူမကို ဝေဖန်ပုတ်ခတ်ကြသည်။
သူမကို ရုပ်ရှင်လောကမှာ မမြင်ဖူးပေ။ ဒါတောင် သူမက ဒီဇာတ်လမ်းတွဲမှာ ဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကို ယူနိုင်ခဲ့တယ်။ အတွင်းဇာတ်လမ်းတစ်ခုတော့ ရှိကိုရှိရမယ်။
မရှိဘူးဆိုတာကို သူတို့ မယုံဘူး!

ကျီးနက်ကြီး: ငါ့အကြိုက်ဆုံးဇာတ်ကောင်,.  အင်ပါယာကိုယ်လုပ်တော်ရှု, လေးတော့ ဘာမှ
မကောင်းတဲ့ သာမန်အွန်လိုင်းသရုပ်ဆောင်
တစ်ဉီးကြောင့် ပျက်ဆီးတော့မယ်... သူမ ဒီနေရာကို ဘယ်လိုရခဲ့သလဲဆိုတာ ငါ တကယ်ကြီး သိချင်တယ်!

ဝက်ပေါက်လေးက ပက်ပါကို ကြိုက်တယ်: သေချာတယ်.. သူ(မ) တစ်ယောက်ယောက်နဲ့အိပ်ပြီး ဒီဇာတ်ကောင်နေရာကို ရခဲ့တာပဲ ဖြစ်ရမယ်.. အရင်တုန်းက ဒါရိုက်တာကျိုက သူရဲ့ နှလုံးသားထဲကဖြင့် အစွမ်းကုန် ကြိုးစားအားထုတ်မယ်လို့ ပြောခဲ့ဖူးတယ်.. သူ့ရဲ့အလုပ်တွေ တစ်ခုချင်းစီမှာလည်း အကောင်းဆုံး ရိုက်ကူးခဲ့တယ်.. အခုတော့ သူလည်း သရုပ်ဆောင်လောကရဲ့ လျို့ဝှက်ဖုံးကွယ်နည်းလမ်းတွေကို လက်ခံလိုက်ပြီထင်ပါ့ရဲ့။

ဝမ်းနည်းတယ် စိတ်ရှုပ်တယ်: 'Pamper After Marriage'က သူမရဲ့ သရုပ်ဆောင်ပုံတွေကို ကြည့်ကြစမ်းပါ.. ငါ့မျက်လုံးတွေကို ပြာကျသွားစေတယ်.. ဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကို မပြောနဲ့ဉီး.. ဒါရိုက်တာကျုံက သူမလိုလူမျိုးကို သူ့အလုပ်ထဲမှာ အသုံးပြုရဲတယ်..'ရှင်သန်လာသော နန်းတော်'ကတော့ သေချာပေါက် ပုပ်သိုးသွားတော့မှာပဲကွာ.. ငါတော့ ဒီဒရာမာကို မကြည့်တော့ဘူး

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now