အခန်း(၅၂) သူမက အစားထိုးခံသာသာပါပဲ-၁/အခန္း(၅၂) သူမက အစားထိုးခံသာသာပါပဲ-၁

8.9K 903 36
                                        

Unicode🍎🍎🍎

အခန်း(၅၂) သူမက အစားထိုးခံသာသာပါပဲ-၁

စုယာယာက ဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကတဲ့လား? ဘယ်လိုလုပ် သူမ ဖြစ်နေရတာလဲ?

မဖြစ်နိုင်ဘူး.. သူမ ဒါကို မယုံကြည်နိုင်ဘူး။ သူမ ဒီအကြောင်း ချန်ရှုံချီကို မေးမှဖြစ်မယ်!

အန်ယွီထင်သည် အလွန်စိတ်တိုနေ၏။ သူမမှာ သူမကို ဒီဇာတ်ကောင်နေရာ ပေးဖို့ မျှော်လင့်ချက်များစွာဖြင့် ချန်ရှုံချီကို ချီးကျူးစကားတွေပြောပြီး မြှောက်ပင့်ပြောဆို ခဲ့ရသည်။ သူမ သူ့ကို တောင်းတောင်းပန်ပန်ပြောခဲ့သော်လည်း ထိုသူကတော့ မလှုပ်မယှက်ပါပဲ။ နောက်ဆုံးမှာတော့ သူသည် သူမရဲ့တောင်းဆိုချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။ သူက သူမအစ်မရဲ့မျက်နှာကိုတောင် မကြည့်ခဲ့ဘူးလေ။

နောက်ပြီး သူက တကယ်ကြီး စုယာယာဆီ ဒီဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကို ပေးလိုက်တယ်။ အဲ့မိန်းမပျက်ကတော့! သူမ အခုချိန်မှာတော့ ပြောမပြတတ်လောက်အောင်ပင် စိတ်တိုမိတယ်။

စုယာယာဆိုတဲ့ မိန်းမက ဘာများကောင်းနေလို့လဲ? သူမ(စုယာယာ)သာ သူမကို တစ်စုံတစ်ရာမှာ သာခဲ့မယ်ဆိုရင် သူမ အရှုံးခံရတာကို ဝန်ခံမယ်!တကယ်လို့ ဒုတိယအမျိုးသမီးဇာတ်ကောင်နေရာကို သူမထက် ပိုကျော်ကြားသော တစ်စုံတစ်ယောက်ထံ ပေးလိုက်မယ်ဆိုရင် သူမ ဒါကို လက်ခံကောင်းလက်ခံနိုင်လိမ့်ဉီးမယ်!ဒါပေမယ့် ဒီဇာတ်ကောင်နေရာကို သူမရဲ့အစ်မနဲ့ အတော်လေးဆင်တူတဲ့ သာမန်အွန်လိုင်းဆယ်လီတစ်ယောက် အစားထိုးခံတစ်ယောက်ကို ပေးလိုက်တယ်ဆိုတာကြီးကို သူမ ဒါကို ဘယ်လိုလက်ခံနိုင်မှာလဲ? ဒါက ဘယ်လိုဖြစ်နိုင်ရတာလဲ?!

အန်ယွီထင်သည် ထိုအကြောင်းကို တွေးလေလေ ပိုစိတ်တိုလာလေလေပင်။ သူမ ဒါကို လက်ခံဖို့ လုံးဝလက်မခံနိုင်ဘူး။ သူမ ထိုဇာတ်ကောင်အတွက် ချန်ရှုံချီကို သွားမေးတဲ့နေ့မှာ သူ့အတွက် အစားအသောက် ယူလာပေးသော စုယာယာနဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေခဲ့ပုံကို ပြန်တွေးမိသည်။ သူတို့နှစ်ဉီး အပေါ်ကို တူတူတက်သွားခဲ့ပြီး သူမကတော့ ချန်ရှုံချီကို သီးသန့်ခန်းမှာ တွေ့ခဲ့ရတယ်။ သို့သော် စုယာယာကတော့ မဟုတ်ပေ။ သူမမှာတော့ သူ့ကို မတွေ့ရသေးခင် သီးသန့်ခန်းထဲမှာ ခဏတာ စောင့်ခဲ့ရတယ်။ ထိုအချိန်ပိုင်းလေးအတောအတွင်းမှာ စုယာယာက တစ်ခုခုကို လုပ်ခဲ့တာလား?

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now