အခန်း(၆၃)မမျှော်လင့်ထားသော ဧည့်သည်-၁

5.6K 731 11
                                    

Unicode

အခန်း(၆၃)မမျှော်လင့်ထားသော ဧည့်သည်-

စုယာယာသည် သူမ တံခါးကို ဖွင့်လိုက်သည့်တခင်္ဏ သူတို့ ချန်ရှုံချီကို တွေ့လိုက်ရမယ်လို့ လုံးဝ မထင်ထားခဲ့ချေ။ သူမရဲ့နှလုံးသားမှာ ထိတ်လန့်မှုကြောင့် တဒုန်းဒုန်း ခုန်နေခဲ့ တော့သည်။ ထိုသူသည် မျက်နှာသေဖြင့်သာ ထိုင်ခုံပေါ်မှာ ထိုင်နေပြီး သူမထံ အေးစက်စွာ စိုက်ကြည့်နေလေရဲ့။

"ဉက္ကဌချန်, ရှင် ဘာလို့ ဒီရောက်နေတာလဲ?"

စုယာယာသည် အနည်းငယ် တောင့်တောင့်ကြီးဖြစ်နေ ခဲ့၏။ ယန်ကျွင်ရိ ပြောခဲ့သည့်စကားတွေကို ပြန်တွေးနေမိ ရင်း ချန်ရှုံချီ ကြားသွားလား မကြားဘူးလားဆိုတာကို သူမ လည်း မပြောတတ်ချေ။ သူမမှာ နောင်တအနည်းငယ် မရ ဘဲ မနေနိုင်တော့။

သူမသည် ယန်ကျွင်ရိ၏တောင်းဆိုချက်ကို သဘော မတူခဲ့သော်ငြား ချန်ရှုံချီနှင့်ပတ်သတ်လို့ သူပြောခဲ့သည့် အကြောင်းအရာက အတော်တော့ မသင့်တော်ပေဘူး။ ချန်ရှုံချီ၏ စိတ်နေသဘောထားအရ ယန်ကျွင်ရိသာ သူ့ နောက်ကွယ်မှာ ဒီလိုပြောနေတယ်ဆိုတာကို သိလျှင် ယန်ကျွင်ရိအတွက် ဝမ်းနည်းဖွယ်ရာပဲ။ ယန်ကျွင်ရိဆီမှ ထိုကဲ့သို့ ဂရုစိုက်ခြင်းခံခဲ့ရသည့် သူမသည်လည်း သေချာ ပေါက် ထိုကိစ္စကနေ လွတ်နိုင်လိမ့်မည်မဟုတ်။

သူမ တွေးထားတာထက် ပိုပြီးအများကြီး ပိုကြောက် စရာ ကောင်းတယ်!

စုယာယာ၏နှလုံးသားက တုန်လှုပ်နေတော့သည်။ အလားအလာကောင်းစွာနှင့် ချန်ရှုံချီသည် ယန်ကျွင်ရိ သူမ ထံ ပြောလိုက်သည်များကို မသိခဲ့ပါ။

ချန်ရှုံချီသည် စုယာယာကို စေ့စေ့စပ်စပ် ကြည့်ရှု စစ်ဆေးလို့နေသည်။ သူမက တံခါးနားမှာရပ်ပြီး ကြောင်နေ တာကို မြင်တော့ သူရဲ့ရုတ်တရက် ထွက်ပေါ်လာမှုက သူမ ကို အရှင်းသားကြီး အံအားသင့်သွားစေတာပဲ။

ဖြစ်ပုံကတော့ ချန်ရှုံချီ ထွက်ခွာသွားပြီးနောက် သူ ကုမ္ပဏီကို သွားနေသည့်လမ်းမှာ ရုတ်တရက် တစ်စုံတစ်ရာ ကို တွေးမိပြီး ဒီကို ပြန်လာဖို့ အန်ကယ်ကျုံကို U-turn ပြန် ကွေ့ခိုင်းခဲ့သည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now