အခန်း(၆) ပလက်တီနမ်ကဒ်-၃/အခန္း(၆) ပလက္တီနမ္ကဒ္-၃

10.4K 1.2K 14
                                    


Unicode

အခန်း(၆) ပလက်တီနမ်ကဒ်-၃

"ကိုယ် သွားပြီ" ချန်ရှုံချီက လှည့်ထွက်ပြီး တံခါးဆီမသွားခင် သူ့မခေါင်းကို နောက်ဆုံးတစ်ခေါက် ဖွသွားသေးတယ်။

သူ အခန်းထဲက ထွက်သွားပြီ။ ချန်ရှုံချီ တံခါးကို ပိတ်ဖို့အလှည့် သူ မရည်ရွယ်ဘဲ စုယာယာကို တစ်ချက်ကြည့်လိုက်မိတော့ သူ့မရဲ့စောင်ကို ကိုင်ထားရင်း အိပ်ယာပေါ်မှာ ပဲ ထိုင်လျက်ရှိနေသေးတဲ့ သူမကို မြင်လိုက်ရတယ်။ သူမရဲ့ရည်ရွန်းလဲ့နေသော မျက်ဝန်းဝိုင်းကြီးတွေနဲ့ သူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့တယ်။

ချန်ရှုံချီက ခေါင်းကိုငုံပြီး တံခါးကို ပိတ်လိုက်ပေမယ့် သူ့နှုတ်ခမ်းပေါ် အပြုံးရေးရေးလေး စွန်းသွားခဲ့တယ်။

စုယာယာက တဖြည်းဖြည်းနဲ့ ချန်ရှုံချီရဲ့ ခြေလှမ်းတွေ ဝေးသွားသည်ကို စောင့်နေခဲ့တယ်။ အခုတော့ အခန်းထဲမှာ သူမတစ်ယောက်တည်း... သူမက ချန်ရှုံချီ သူမကို ပေးခဲ့တဲ့ ပလက်တီနမ်ကဒ်ကို ကိုင်ထားတယ်။ သူမက ကြွက်ပေါက်လေးကို တကျွိကျွိ တခစ်ခစ်ရယ်နေပြီး အိပ်ယာပေါ်မှာ မရပ်မနား လှိမ့်နေတယ်။

OMG! .... သူမ ဘယ်တုန်းကမှ မတွေးကြည့်ခဲ့ဖူးဘူး။ ဒီလိုမျိုး အိပ်ပျော်သွားရင်းကနေ ဝတ္ထုတစ်ခုထဲကို ဝိညာဉ်ကူးပြောင်းလာခဲ့ပြီး လူချမ်းသာကြီးတစ်ယောက်ဖြစ်သွားလိမ့် မယ်လို့လေ။

သူမ အသေပျော်နေပြီး လုံးဝလန်းဆန်းတက်ကြွလို့နေတယ်။

မွေ့ယာပေါ်လူးလှိမ့်နေရင်း အရယ်က ရပ်လို့ကို မရနေဘူး။ နောက်ပြီး သူမ ပလက်တီနမ်ကဒ်ကိုတောင် အကြိမ်အများကြီး နမ်းနေလိုက်သေးတယ်။ ဒီအမျိုးသမီးက သူမ ချန်ရှုံချီနဲ့ မျက်နှာချင်းဆိုင်နေရတုန်းက သူမလုပ်ခဲ့တာထက်တောင် ပိုစိတ်အား ထက်သန်နေပုံပဲ..။ အချိန်အတော်ကြာပြီးနောက် အောက်ထပ်က ကားစက်အင်ဂျင်သံကို သူမကြားလိုက်ရတဲ့အချိန်မှ စုယာယာ အရယ်ရပ်နိုင်သွားခဲ့သလို လူးလှိမ့်နေတာလဲ ရပ်သွားခဲ့တယ်။

လက်ရှိဇာတ်ကြောင်းအရဆို ဝတ္ထုက အဓိကဇာတ်ကြောင်းကို မဝင်သွားသေးဘူး။ လက်ရှိအချိန်က ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်နဲ့ ချန်ရှုံချီတို့ လက်ထပ်ပြီးလို့ ငါးရက် အကြာပဲ ရှိသေးတယ်။ ဒါ့ကြောင့် သူတို့က ကြင်စဉီးကာလရဲ့ ကြည်နူးချိုမြိန်ဖွယ် အခိုက်အတန့် မှာပဲ ရှိသေးတယ်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now