အခန်း(၄၇) ယန်ကျွင်ရိ-၁/အခန္း(၄၇) ယန္ကြၽင္ရိ-၁

6.5K 818 17
                                    

အခန်း(၄၇) ယန်ကျွင်ရိ-၁

"တကယ်ကြီး?"

စုယာယာသည် အံအားသင့်စွာ ပြောသည်။ သူမသည် အိပ်ယာပေါ်မှာ လှဲလျောင်းနေပြီး ရင်အုပ်တစ်ဝက်လောက် ထိ ဖော်ထားသော ထိုအမျိုးသားကို လှည့်ကြည့်သည်။ သူ့ရဲ့ သွယ်လျသော ခန္တာကိုယ်ပေါ်မှာ အနီရောင်အမှတ်တို့ အနည်းငယ်ရှိနေ၏။ သူ့ကို သူမ ဆွဲကုတ်ထားသည့်အရာ တွေချည်းပင်။ အကြောင်းရင်းကတော့ သူက အရမ်း ကြမ်းကြမ်းတမ်းတမ်း လုပ်ခဲ့တာကိုး။

ထိုအချိန်တုန်းကဆို မသိရင် သူတို့နှစ်ယောက် တိုက် ခိုက် နေကြသလိုပင်။ ထိုအမျိုးသားရဲ့စကေးလ်တွေက ကောင်းမွန်ပြီး သူမလည်း ကျေနပ်ခဲ့ပါတယ်။ အခုတော့ သူမ စိတ်ငြိမ်သွားပြီဖြစ်ရာ ထိုအမှတ်တွေကို မြင်လိုက်ချိန်မှာ တော့ ထိတ်ထိတ်ပျာပျာ ပြန်လှည့်လိုက်မိသည်။ သူမရဲ့ ခန္တာကိုယ်ကို တစစီပြုတ်ထွတ်တော့မယ်အလား နာကျင်မှု ဒဏ်ကို ကျိတ်မှိတ် အောင့်ခံပြီး ရေချိုးခန်းထဲသို့ ခပ်သုတ် သုတ် ဝင်လာခဲ့သည်။

ရေချိုးခန်းတံခါး ပိတ်သွားချိန်မှာတော့ စုယာယာ အိပ်ယာပေါ်မှာ လှဲနေသည့် ချန်ရှုံချီရဲ့ စကားသံကို ကြား လိုက်ရသည်။

"တကယ်"

သူမ ကြားစဉ် တံခါးနောက်မှာ ရပ်နေတဲ့ စုယာယာ တိုးတိုးလေး ခိုးရယ်မိသည်။ သူမသည် ချန်ရှုံချီ သူမကို စီစဉ် ပေးတဲ့ ငွေကြေးအရင်းအမြစ်တွေကိုလည်း ယူရမှာပင်။ အနည်းဆုံးတော့ သူ့ကို စိတ်ကျေနပ်စေခြင်းမှ တစ်ခုခု ရ တာပေါ့လေ.. ဟုတ်တယ်မလား?

စုယာယာသည် အိပ်ယာထ နောက်ကျတာကြောင့် အမြန်ဆုံးအရှိန်နှုန်းဖြင့် ပြင်ဆင်ရတော့သည်။ အချိန်ကို သူမ ကြည့်လိုက်တော့ ၉ နာရီပင် ရှိတော့မည်။ သွားဖို့ အလျင်လိုနေပြီဖြစ်တာကြောင့် မနက်စာ လုပ်ဖို့ အချိန်မရှိ။ ချန်ရှုံချီကို ပြုံးပြကာ ပြောရသည်။

"ဒီမနက် ကို အပြင်မှာ စားလိုက်ပါလား နော်? ယာယာ အခုပဲ ကုမ္ပဏီကို သွားရတော့မှာမလို့ပါ"

ချန်ရှုံချီသည် စုယာယာရဲ့လက်ရာကို စားပြီးချိန်မှစ၍ သူ အပြင်မှာ မစားချင်တော့ပေ။ နေ့တိုင်း သုံးနပ်စလုံး သူမ ကိုသာ ချက်စေချင်သည်။ သူမ အလုပ်မရှုပ်သည့် အချိန် တိုင်း အမျိုးသားဇာတ်လိုက်ကြီး ဖြစ်သူ CEO ချန်ရှုံချီနဲ့ ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို ဖြစ်ပေါ်စေဖို့ လှုပ်ရှားမှုတစ်ရပ်အဖြစ် သူမ ချက်ပြုတ်ပေးခဲ့သည်။ သို့ သော် ဒါကတော့ အထူးအခြေအနေတစ်ရပ် ဖြစ်နေသည်။ သူမမှာ တကယ်ကြီး လုပ်ဖို့အချိန်မရှိတော့။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now