အခန်း(၉) မိမိကိုယ်မိမိ မှီခိုပါ-၂/အခန္း(၉) မိမိကိုယ္မိမိ မွီခိုပါ-၂

9.3K 1.2K 88
                                    


Unicode

အခန်း(၉) မိမိကိုယ်မိမိ မှီခိုပါ-၂

ဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်၏ ငွေရေးကြေးရေးအခြေအနေက သာမန်လို့ မှတ်ယူနိုင်တယ်။ သူမရဲ့မိဘတွေက သာမန်ကုမ္ပဏီဝန်ထမ်းတွေသာ။ သို့သော်လည်း သူတို့က သူတို့လစာရဲ့ ကြီးမားတဲ့ဝေစုပမာဏကို skincare ထုတ်ကုန်ပစ္စည်းတွေ ဝယ်ဖို့ ဒီပိုက်ဆံ တွေကို တစ်ပြန်သုံးတတ်တဲ့ သူတို့သမီးပေါ်၌ အသုံးပြုခဲ့ကြ၏။

သူမ ချန်ရှုံချီနဲ့ မတွေ့ခင်က မူလကိုယ်က
La Merကို ဝယ်နိုင်ဖို့ ပိုက်ဆံစုဖို့ရာ တစ်နေ့ကို တစ်ကြိမ်သာ စားဖြစ်ခဲ့လိမ့်မယ်။ သူမ သူနဲ့တွေ့ဆုံပြီးနောက်မှာတော့ သူက သူမအပေါ် အရမ်းကိုရက်ရောလွန်းတယ်လေ။ဒါကြောင့် သူမက ဒီပစ္စည်းတွေကို နောက်ဆံတင်းစရာမလိုဘဲ ဝယ်နိုင်ခဲ့တယ်။

ဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်က ဒီခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ ပိုက်ဆံနဲ့ အားထုတ်မှုတွေ အများကြီးကို အသုံးပြုခြင်းအားဖြင့် အလွန့်အလွန် ဂရုတစိုက်ရှိခဲ့သည်။

စုယာယာက ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီး ဒီခန္ဓာကိုယ်ကို လွှဲပြောင်းယူလိုက်ရတယ်ဆိုပေသော် ငြားလည်း ဒီခန္ဓာကိုယ်က မူလစုယာယာနဲ့သာ အမှန်တကယ် သက်ဆိုင်သည့်အရာဟု မှတ်ယူထားဆဲပင်။ တခြားသူရဲ့ပစ္စည်းကို ဖျက်ဆီးတာက မှားယွင်းတယ်လို့ ငယ်ငယ်လေးကတည်းက သူမ အသင်ခံခဲ့ရသည့်အတိုင်း သူမ ဒီခန္ဓာကိုယ်ကို သာမာန်ကာလျှံကာ သာ မဆက်ဆံနိုင်ပေ။

အလှလေးတစ်ယောက်မှာက အလှလေးတစ်ယောက်ရဲ့ တာဝန်သိမှုသဘောထားရှိထားဖို့လိုသည်။ ဒါကြောင့် မူလပိုင်ရှင်လုပ်ခဲ့သလိုမျိုး သူမက ဒီခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်ပေးရမယ်။

သေချာတာပေါ့.. စုယာယာမှာလည်း သူမရဲ့ကိုယ်ပိုင်တစ်ကိုယ်ကောင်းဆန်မှု ရည်ရွယ်ချက်လေးတော့ ရှိတာပေါ့..., သူမက နောက်ဆုံးတော့ သူမ အမြဲတမ်း တောင့်တခဲ့ရသလိုမျိုး လှလှပပလေး ဖြစ်လာခဲ့ပြီလေ။ အဲတော့ ဒီအလှလေးနဲ့ ထိုက်တန်အောင်တော့ သူမ ကြိုးစားဖို့ လိုအပ်တယ်။ သူမရဲ့အလှတရားကို ပိုပြီး ကြာရှည်ခံအောင် ပိုပြီးမွှေးကြိုင်အောင် ပိုပြီးဆွဲဆောင်မှုရှိအောင်တော့ လုပ်ရမယ်လေ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now