အခန်း(၃၅) သူမမှာ သရုပ်ဆောင်ပါရမီရှိတယ်-၃

6.3K 791 7
                                    

Unicode

အခန်း(၃၅) သူမမှာ သရုပ်ဆောင်ပါရမီရှိတယ်-၃

"မင်း ဘာလုပ်ချင်နေတာလဲ?"

ဒုဉက္ကဌဟွမ်သည် အသံဖမ်းထားတာကို ကြားလိုက် သည်နှင့် သူ့ရဲ့အမူအရာမှာ ပြောင်းလဲသွားတော့သည်။ သူက စုယာယာရဲ့ဖုန်းကို ဆွဲယူဖို့ ကြိုးစားရင်း စိတ်ဆိုး မာန်ဆိုးနှင့် အပြေးအလွှားရောက်လာတော့သည်။

သူမက ခြေတစ်လှမ်းစာ နောက်ဆုတ်ပြီး အမြန် ပြော သည်။

"ကျွန်မရဲ့မန်နေဂျာဆီကို ဒီဟာရဲ့ကော်ပီကို ပို့ထား ပြီးပြီ.. ရှင် ကျွန်မကို ထိရဲရင် ကျွန်မကလည်း ကတိပေး လိုက်မယ်.. ရှင် စီးပွားပျက်ပြီး အိမ်မဲ့ယာမဲ့ဖြစ်သွားစေရ မယ်"

ပေါက်ကွဲလုနီးနီးဖြစ်နေတဲ့ ဒုဉက္ကဌဟွမ်မှာ ထိုစကားကို ကြားပြီးနောက် သူ့ခြေလှမ်းတွေကို ချက်ချင်းဆိုသလိုပင် ရပ်တန့်သွားသည်။ သူက သူမကို စိမ်းစိမ်းကားကား အကြည့်မျိုးနဲ့ စိုက်ကြည့်ပြီး

"မင်း ဘာလိုချင်တာလဲ?"

စုယာယာ မျက်ခုံးပင့်ပြကာ

"ကျွန်မကသာ ရှင့်ကို မေးရမှာ ဒုဉက္ကဌဟွမ်... ရှင် ဘာလုပ်ချင်နေတာလဲ.. ကျွန်မက အနုပညာရှင်တစ်ဉီးသာ ဖြစ်ပြီး ကျွန်မအလုပ်ကို ပြီးဆုံးအောင် လုပ်ချင်ရုံပါ.. အခကြေးငွေရတာနဲ့ ထွက်သွားမှာပါ..ရှင်က ကျွန်မ အတွက် ကိစ္စတွေကို ခက်ခဲအောင် ဘာကြောင့်များ လုပ်ချင်နေရ တာလဲ? ရှင် ကျွန်မကို ဒီrecordingကို ရှင့်ဇနီးနဲ့ ဉက္ကဌဝမ်ဆီကိုတော့ မပို့စေချင်ဘူးမလား?"

"အိုကေ, မင်းတော်ပါတယ်"

ဒုဉက္ကဌဟွမ်က အံကြိတ်ပြီး ပြောတယ်။

"ရိုက်ကူးရေး.. ငါတို့ အခုချက်ချင်းပဲ ရိုက်ကူးရေး စမယ်.. ပြီးရင် မင်း မင်းပိုက်ဆံယူပြီး ထွက်သွားတော့"

စုယာယာက သူမလက်ထဲက ဖုန်းကို လှုပ်ပြပြီး အပြုံး တစ်ပွင့် ဆင်ရင်း

"ဒါဆိုလည်း ဒုဉက္ကဌဟွမ်ကို ဒုက္ခများစေခဲ့ပါပြီရှင်"

စုယာယာမှာ သူကို ဆန့်ကျင်စရာ သတင်းအချက် အလက်ရှိနေတာကြောင့် ဒုဉက္ကဌဟွမ်မှာ ဘာကိုမှ မလုပ်ရဲ ပါချေ။ ရိုက်ကူးရေးလုပ်ငန်းစဉ်က ချောချောမွေ့မွေ့ပြီးဆုံး သွားပြီး စုယာယာသည်လည်း အကောင်းဆုံး လုပ်ဆောင် နိုင်ခဲ့တယ်။ သို့သော် ဓာတ်ပုံဆရာက စံနှုန်းမြင့်တယ်။ သူ စိတ်တိုင်းမကျဖြစ်ပြီး သူမကို ထပ်ခါထပ်ခါ ရိုက်ကူးစေ တယ်။ သူမ အကြိမ်ပေါင်းမြောက်မြားစွာ ပြန်လည်ရိုက်ကူး ခဲ့ရတယ်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now