အတွဲ - ၁ | အပိုင်း - ၁ { တိုတောင်းလှသော ဘဝခုနစ်ဆက်}

15.2K 1.3K 205
                                    

အတွဲ - ၁
[ နွေဦးသည် အဘယ်လူသားကိုမှ
စောင့်ဆိုင်းရိုးမရှိ ]

အပိုင်း - ၁
(တိုတောင်းလှသော ဘဝခုနစ်ဆက်)

*******

ပထမဘဝမှာ
ကျောက်တုံးတစ်ခု ထွက်ပေါ်လာပြီး
သူရဲကောင်းတစ်ယောက်အတွက်
သင်္ချိုင်းကျောက်တိုင် ဖြစ်ခဲ့တယ်။
ဒီချစ်ခြင်းနှောင်ကြိုးတွေကို
ဖျက်ဆီးလို့မရနိုင်ခဲ့။

ဒုတိယဘဝမှာ
ကျောက်ဆောင်ကြီးက ကွဲအက်သွားပြီး ကြမ္မာငင်တဲ့ ချစ်ခြင်းတရားကို
တံတားခင်းပြီး ပို့ဆောင်ခဲ့တယ်။
ချစ်တေးသီတဲ့ ငှက်မောင်နှံနှစ်ဖော်ဟာ
တူယှဥ်တွဲရင်း ပျံသန်း ထွက်ခွာသွားလေရဲ့။

တတိယဘဝမှာ
ကျောက်စိမ်းရတနာကို လောင်မြိုက်စေပြီး တန်ဖိုးအနန္တ ဖြတ်မရတဲ့
ကျမ်းသစ္စာကို ကျိန်ဆိုခဲ့ကာ
လိုက်နာဖို့ရာ ဦးညွှတ်ခဲ့တယ်။
သေအတူ ရှင်မကွာ
ဒီသံသရာတစ်လျှောက်လုံး
တွဲလက်တွေကို ခိုင်မြဲစေမယ်။

*******

သွေးစက်များအလား နီလွင်ရဲတောက်နေသော မရဏပန်းများမှာ လမ်းဘေးနှစ်ဖက်တွင် ငွားငွားစွင့်စွင့် ဖူးပွင့်နေကြသည်။ မေ့လျော့ခြင်းမြစ်မှာ အရှေ့အရပ်သို့ နှစ်ပေါင်းသုံးထောင် ၊ အနောက်အရပ်သို့ နှစ်ပေါင်းသုံးထောင်စီ ငြိမ်သက်အေးချမ်းစွာ စီးဆင်းနေလျက်ရှိ၏။ လေလွင့်နေသော ဝိညာဥ်များမှာ ကူရာမဲ့တံတားပေါ် ဖြတ်ကူးကာ မြေအောက်ကမ္ဘာသို့သွားရာလမ်းအတိုင်း ခရီးဆက်နေကြသည်။ မုန့်ဖော်ရေနွေးကြမ်းကို သောက်သုံးပြီးသောအခါ ထိုဝိညာဥ်များမှာ သူတို့လာရာဘဝဟောင်းနှင့် ပတ်သက်သမျှ အကြောင်းခြင်းရာအားလုံးကို မေ့ပျောက်သွားကြမည်ဖြစ်၏။ ထိုဝိညာဥ်များက သုံးဘဝကျောက်တုံးကြီးအနား နေ့စဥ်ရက်ဆက် ဖြတ်သန်းသွားကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ ထိုကျောက်တုံးဘက်သို့ လှည့်မကြည့်အားခဲ့ ။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းသာရှိနေသည့် သံသရာစက်ဝန်းကြီးမှာ စိတ်အစဥ်ကို နောက်ကျိရှုပ်ထွေးစေနိုင်လှသည်။

အရှင်ခုနစ် Where stories live. Discover now