အပိုင်း - ၇ { အသက်ဝင်လှသော မြင်ကွင်း }

4.4K 948 70
                                    

အပိုင်း (၇)

အသက်ဝင်လှသော မြင်ကွင်း။

ဝူးရှီးမှာ ဝတ်ရုံလက်စထဲထည့်ထားသော လက်များမှာ ကျစ်ကျစ်ပါနေအောင် ဆုပ်ကိုင်ထားသည်။ သူ့လက်သည်းများမှာ လက်ဖဝါးပြင်ထဲပါ နစ်ဝင်နေ၏။  အရပ်အမောင်းမြင့်မားသော လူတစ်ယောက်က သူ့မေးစေ့ကို လက်တစ်ဖက်တည်းဖြင့် ဆွဲမော့လိုက်ကာ ပြုံးပြလာသည်။ ထိုအပြုံးမှာ ဖော်ပြစရာစကားပင် ရှာမရလောက်အောင် စိတ်ပျက်စရာကောင်းလှပေသည်။ မိမိကိုကြည့်လာသော ထိုသူ၏အကြည့်များမှာ တော်ဝင်သွေးနှောတစ်ယောက်က အိမ်မွေးခွေးကလေး​ကြောင်ကလေးများကို အပျော်တမ်း လိုက်ကစားကြည့်နေသည်နှင့်တူသည်ဟု ဝူးရှီးခံစားလိုက်ရပေ၏။

ခန်းမဆောင်ကြီး၏ မြင့်မားလှသော မျက်နှာကျက်မှာ အသေးစားမိုးကောင်းကင်တစ်ခုလို ဖြစ်နေကာ ကြီးမားလှသောတိုင်လုံးထက်ဝယ် သက်ရှိအစစ်ပမာ အသက်ဝင်လှသော နဂါးတစ်ကောင်က ရစ်ပတ်တွယ်တက်လျက်ရှိပြီး ဧကရာဇ်၏ညီလာခံသဘင်သို့ ရှေးရှုပျံတက်လျက်ရှိ၏။ ခန်းမဆောင်ကြီစထဲရှိ လူအယောက်တိုင်း၏အကြည့်များက ဝူးရှီးထံ စုပြုံလာလို့။ ဝူးရှီးက သူ့ကိုယ်သူ တည်ငြိမ်အေးချမ်းသည်ဟု ထင်ထားသော်လည်း ၊ နတ်ဆေးဆရာကြီးထံမှ ပညာအတော်များများ သင်ယူခဲ့ရပြီးဖြစ်ကာ မည်သည်ကအမှား မည်သည်ကအမှန်ကို ခွဲခြားနိုင်ခဲ့ပြီဖြစ်သော်လည်း ယခုတော့ သူ့ကိုယ်သူ ထိန်းချုပ်၍မရတော့ပေ။

တောင်ပိုင်းနန်ကျန်းဝယ် နတ်ဆေးဆရာကြီးများမှာ မိမိတို့အတွက် ဘုရားသခင်များသဖွယ်ဖြစ်ကြသည်။  ကြီးမြတ်လှသော နတ်ဘုရားကျားရှီးကို ရိုသေလေးစားကြသလိုနတ်ဆေးဆရာကြီးများကိုလည်း ယုံကြည်နက်ရှိုင်းစွာ သက်ဝင်လေးစားကြသည်။ ငယ်ရွယ်သော နတ်ဆေးဆရာငယ်လေးမှာ နောက်အနာဂတ်တွင် ကြီးမြတ်သောနတ်ဆေးဆရာတစ်ယောက်ဖြစ်လာမည်မို့ သူတို့လေးများကို ကောင်းကင်ဘုံမှ တမန်တော်လေးများဟုပင် ခေါ်ဆိုသမှုပြုကြ၏။ ထိုကလေးငယ်များမှာ အိမ်မှထွက်ခွာခဲ့ရကာ နတ်ဆေးဆရာကြီးအနားခစားဆည်းကပ်ကြရပြီး အမျိုးမျိုးအထွေထွေသောပညာရပ်များကို လေ့လာသင်ယူခဲ့ရ၏။ သူ၏မျိုးနွယ်စုကြား နေခဲ့ရစဥ် ကလေးတစ်ယောက်သာဖြစ်သည်ဆိုသောအကြောင်းရင်းတစ်ခုတည်းနှင့် မထီမဲ့မြင်ပြုခံရခြင်းမျိုး ဝူးရှီး မကြုံခဲ့ရဖူးပါချေ။

အရှင်ခုနစ် Where stories live. Discover now