အပိုင်း - ၆၂ { ကြီးမြတ်သော သူရဲကောင်း }

2.6K 664 50
                                    

အပိုင်း - ၆၂ { ကြီးမြတ်သော သူရဲကောင်း }

ကျင်ချီးမှာ တစ်နေကုန် စိတ်ဆင်းရဲနေခဲ့သည်။ အတော်လေးကိုပင် ပင်ပန်းနွမ်းနယ်နေခဲ့ကာ ကောင်းကောင်းအိပ်မပျော်တော့ပါချေ။ မျက်လုံးမှိတ်လိုက်သည်နှင့် ဗြောက်သောက်ဆန်လှသော အိပ်မက်များကိုသာ မြင်မက်နေခဲ့ကာ ခဏနေလျှင် ယင်လောက ၊ ခဏနေလျှင် ယန်လောကဆီ လူးလာခေါက်ပြန်နေခဲ့သည်။ ပြန်နိုးလာသောအခါ ခေါင်းတရိပ်ရိပ်မူးနေခဲ့ပြီး စောနတုန်းက သူ ဘာမက်လိုက်မှန်းလည်း လုံးဝမမှန်မိနိုင်တော့။

ထိုအကြောင်းကြောင့်ပင် ဖင်အန်း နည်းနည်းလေး လာရောက်လှုပ်နှိုးလိုက်ရုံနှင့် ကျင်ချီး ချက်ချင်းပင် နိုးလာခဲ့ခြင်းဖြစ်၏။

မှောင်ရိပ်သမ်းနေဆဲဖြစ်သော ကောင်းကင်ကြီးကို ကျင်ချီး မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။ ယခုမှ နိုးထလာသဖြင့် သူ့လည်ချောင်းမှာ လျော့ရဲနေကာ ထွက်လာသောအသံကလည်း ကြမ်းတမ်းနေခဲ့၏။

"ဘယ်အချိန်ရှိပြီလဲ"

"ညသန်းခေါင်ကျော် လေးနာရီပါ၊ သခင်ကြီး။ သခင်လေးကျိုး ရောက်ရှိလာလို့ပါ"

ကျင်ချီး မျက်မှောင်ကြုတ်သွားသည်။ သူ့စိတ်အစဥ်သည်လည်း ကြည်လင်သွားခဲ့ကာ မျက်လုံးများကို ပွတ်သပ်လိုက်၏။

"ဒီအချိန်ကြီးမှာလား၊ အခုရော သူဘယ်မှာလဲ"

ဖင်အန်း တုံ့ဆိုင်းသွား၏။

"အ....အနောက်ဘက်ခြံဝန်းမှာပါ"

ထို့နောက် ကျင်ချီးလည်း အိပ်ရာမှ ထလိုက်ကာ ဖင်အန်းက သူ့အတွက် ဝတ်ရုံဆင်မြန်းပေးလာစဥ် ဆက်မေးကြည့်လိုက်၏။

"အနောက်ဘက်ခြံဝန်းထဲ သူ ဘာသွားလုပ်တာလဲ "

"ဒီငယ်သားက.....ရဲ့ ရုပ်အလောင်းကို အဲ့မှာ သွားထားထားလို့ပါ"

ကျီရှန်၏ ရုပ်အလောင်းကို ကျင်ချီး လုံးဝ မမြင်ချင်သော်လည်း ၊ နောက်ဆုံးတော့ သေချာဝတ်စားပြင်ဆင်ခဲ့ရကာ အနောက်ဘက်ခြံဝန်းသို့ အမြန်လျှောက်လှမ်းလာခဲ့ရသည်။ ရုပ်အလောင်းမှာ အဝတ်ဖြူစတစ်ခုဖြင့် ဖုံးအုပ်ထားခြင်းခံရပြီး ထောင့်စွန်းတစ်ခုကိုမူ လှစ်ဟထား၏။ ကျိုးကျစ်ရှူးက ထိုဘေးနားတွင် မှိုင်တွေတွေကြီး ဆောင့်ကြောင့်ထိုင်နေသည်။ 

အရှင်ခုနစ် Where stories live. Discover now