အပိုင်း - ၆၀ { ဖွဲပြာအသေများပမာ အေးစက်ညှိုးရော်သွားသည့် နှလုံးသား }

2.5K 662 85
                                    

အပိုင်း - ၆၀

{ ဖွဲပြာအသေများပမာ
အေးစက်ညှိုးရော်သွားသည့် နှလုံးသား }

ဟွားယွဲ့ပါးစပ်မှ "ဒုတိယမင်းသားကြီးကို ကယ်ရမယ်" ဟူသောစကား ထွက်ကျလာသည်နှင့် စူးချင်းလွမ်မှာ လူသတ်ချင်စိတ် ပေါက်သွားခဲ့သည်။ ထို့နောက် သူမရှေ့ရှိ မိန်းမပျိုလေးမှာ လွန်စွာမှ ရည်မှန်းချက်ကြီးလှကြောင်း၊ သူမအား ခစားရန် ဝယ်ယူလာခဲ့စဥ်တုန်းကလို ဘာဆိုဘာမှမသိသော ကလေးမလေးမဟုတ်တော့ကြောင်း ချက်ချင်းသဘောပေါက်သွားခဲ့၏။

ဟွားယွဲ့က မင်းသားစံအိမ်တော်မှ ကျီရှန်နှင့် ငြိစွန်းသွားကြသည်ဟု သိလိုက်သောအခါ သူမလည်း နားလည်လက်ခံပေးလိုက်သည်။ အကြောင်းမှာ သူမ၏ကိုယ်ပိုင်စစ်တုရင်ရုပ်ကို အခြားသူပိုင်နက်ထဲ မြှုပ်နှံထားသလိုလိုနှင့် သူမ မြင်ရနေကျ ရာထူးကြီးပုဂ္ဂိုလ်များ၏ အထာကို အတုခိုးချင်သောကြောင့်ဖြစ်သည်။ သို့သော် နောက်ပိုင်းကျမှ သူမ သိလိုက်ရသည်မှာ ကျီရှန်က ကျင်ချီးအား အရိုးထဲစွဲလောက်အောင်ပင် ကြောက်ရွံ့ရိုသေခဲ့လေရာ သူချစ်ရသော မိန်းမပျိုရှေ့မှာပင် ထိုကောင်လေးက နည်းနည်းလေးတောင်မှ နှုတ်ဖွာခြင်းမရှိခဲ့။

အိမ်ရှေ့စံမင်းသားနှင့် အနီးဆုံးနေရာတွင်နေရန် ဒုတိယမင်းသားကြီးမှ ပို့လွှတ်ထားသော မိမိမှာ ဘာဆိုဘာမှ အသုံးမကျခဲ့။ ကနဦးအချိန်များတုန်းက ပျားရည်ပမာချိုမြခဲ့သော ချစ်ခြင်းအကြင်နာများမှာ ယခုတော့ ကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။ သူမ သိခဲ့ရသမျှမှာ ယောက်ျားသားများ၏အချစ်က ဟွားဟုန်ပန်းများလိုပင် ညှိုးရော်လွယ်လှ၏ ၊ ဝမ်းနည်းကြေကွဲမှုများမှာ ရေအလျဥ်လိုပင် အဆက်မပြတ် စီးဆင်း၏ ဟူ၍သာဖြစ်သည်။ ထိုယောက်ျား၏ စိတ်ထဲတွင် တိုင်းပြည်နိုင်ငံသာ ရှိနေခဲ့ကာ ၊  ကြယ်တာရာများ ဝန်းရံနေသော လမင်းစန္ဒာပမာ ဖြစ်နေသည်။ မိမိမှာ ဝမ့်ယွဲ့မြစ်ကမ်းပေါ် သီချင်းကျူးရင့်ခဲ့သော ဂီတမယ်တစ်ယောက်သာဖြစ်ခဲ့ကာ နန်းမြို့တော်တစ်ခွင်လုံးအား ပျော်တော်ဆက်ပေးဖို့ရာ အရုပ်တစ်ခုသာ ဖြစ်ခဲ့ပေ၏။

အရှင်ခုနစ် Where stories live. Discover now