အပိုင်း - ၃၅ { ပြောင်းလဲသွားသော နဝမမြောက်နတ်ဘုံနန်း }

2.6K 727 43
                                    


အပိုင်း - ၃၅

{ ပြောင်းလဲသွားသော
နဝမ​မြောက်နတ်ဘုံနန်း }

ဘေးအန္တရာယ်တစ်ခု ချဥ်းကပ်လာ​မှန်း သိလိုက်သောအခါ ကျင်ချီးလည်း ဘေးဘက်သို့ ကျွမ်းကျင်လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ မိန်းမပျိုကျို၏ သွယ်လျသောကျောက်စိမ်းလက်ချောင်းလေးထဲတွင် ဓားတစ်ချောင်းကိုင်ထားလျက်ရှိကာ ထိုဓားသွားမှာ သူ့ဝတ်ရုံအနားသတ်အား ပါးပါးလေးပြတ်ရှသွားစေခဲ့သည်။

ပထမထိုးစိုက်ချက် မအောင်မြင်သောအခါ သူမက တစ်ဖက်သို့ပြန်လှည့်လာပြီး ကျင်ချီး၏ကိုယ်လုံးအလယ်ပိုင်းကိုရွယ်ပြီး ထိုးစိုက်လိုက်ပြန်သည်။ ကျင်ချီးက ထိုထိုးစိုက်ချက်ကိုရှောင်ရန် နောက်သို့ ခြေလှမ်းသုံးလှမ်း ဆုတ်လိုက်သည်။ သို့သော် တစ်ဖက်လူက သူ့အား သတ်ဖြတ်ရန် ဆက်ပြီးကြိုးစားလာပြန်၏။

သွားပြီ၊ ဒီလူက သိုင်းသမားတစ်ယောက် ဖြစ်မယ်ထင်တယ်။ ငါတော့ သူ့ကို အနိုင်မယူနိုင်လောက်ဘူး။

ကျင်ချီးက ထိုသို့တွေးမိသွား၏။ သို့သော် တခြားသူများအား အော်ခေါ်ရန်လည်း လွန်စွာမှ ညဥ့်နက်နေပြီဖြစ်သည်။

ကောင်စုတ်လေး ဟယ်ကျီ့....အဝတ်အစားတွေ အပြင်ထွက်လဲရင် ဘယ်အချိန်က မသွားသင့်ဆုံးလဲ မင်းသိလား။ အေး၊ အခုချိန်ပဲ။

သို့နှင့် ကျင်ချီးက တစ်လျှောက်လုံး ရှောင်ရင်းတိမ်းရင်းနှင့် အခန်းထောင့်တစ်ခုသို့ ရောက်သွားလေရာ ဆက်ပြီးနောက်မဆုတ်နိုင်တော့ချေ။ မိန်းမပျိုကျို၏ ဓားကမူ သူ့အား ဆက်လက်တိုက်ခိုက်လာဆဲဖြစ်သည်။ အလွန်ပင်ထိတ်လန့်နေသော ကျင်ချီးမှာ သူ့အင်္ကျီလက်စထဲမှ ပုလင်းတစ်ခုအား ထုတ်ယူလိုက်ကာ ဓားသွားလာရာသို့ ပစ်ပေါက်လိုက်၏။ ထို့နောက် ကွဲအက်သံတစ်ခုနှင့်အတူ ပုလင်းတစ်ဝက်ကျော်လောက်မှာ ဖိတ်စင်သွားခဲ့သည်။ ထိုဓားက ကျင်ချီး၏လက်ကို ထိုးမိသွားသည်လည်း မိန်းမပျိုကျိုမှာ ချက်ချင်းအော်လိုက်ကာ ဓားကို အဝေးသို့ လွှင့်ပစ်လိုက်ပြီး ချက်ချင်းနောက်ဆုတ်သွားခဲ့သည်။ သူမ ခုတ်လိုက်မိသော ပုလင်းတစ်ဝက်မှာ နောက်ပြန်ကန်ကာ သူမလက်ပေါ် ပြုတ်ကျသွားသည်။

အရှင်ခုနစ် Where stories live. Discover now