အပိုင်း - ၃၁ { လျဲန်ကွမ်မှ ဆူပူအုံကြွမှု }

3.6K 784 66
                                    

အပိုင်း - ၃၁

( လျဲန်ကွမ်မှ ဆူပူအုံကြွမှု )

ပြန်လမ်းလှည့်၍မရတော့သည့်အပြင် ခြေလှမ်းတစ်လှမ်းချင်းစီတွင် အန္တရာယ်များကြီးစိုးနေသည့်နေရာ၌ အဖော်မဲ့စွာနေလာခဲ့သော ဝူးရှီးမှာ မွေးကတည်းကပင် လုံခြုံစိတ်ချမှုဟူသောအရာကို နားမလည်ခဲ့ချေ။ အနှီလူရွယ်လေးမှာ အခြားသူများနှင့် ထိတွေ့ပတ်သက်ရသည်ကိုလည်း ကြိုက်နှစ်သက်ခြင်းမရှိခဲ့။ မဖြစ်မနေပြောရမည့်စကားများ ဖြစ်နေခဲ့လျှင်တောင် တတ်နိုင်သလောက် လိုရင်းတိုရှင်းသာ ပြောတတ်ပေသည်။ သို့သော် သူ့အား အနည်းငယ်နူးညံ့ပျော့ပျောင်းကာ လုံခြုံစိတ်ချစေနိုင်သည့် အရာတစ်ခုရှိပေ၏၊ ၎င်းမှာ - ရင်းနှီးကျွမ်းဝင်မှုပင်ဖြစ်သည်။

အကြောင်းရင်းကို သူ သေချာမသိရပေမင့် ဆံနွယ်များဖွေးဖွေးဖြူနေသော ထိုယောက်ျားပျိုအပေါ် သူ့အရိုးများထဲထိ နက်ရှိုင်းစွာစိမ့်ဝင်နေသော ရင်းနှီးကျွမ်းဝင်မှုများရှိနေကြောင်း ဝူးရှီးသိနေသည်။ တစ်ဖက်လူ၏မျက်နှာပြင်အား သေသေချာချာမမြင်ခဲ့ရပေမင့် ကြာညောင်းလှပြီဖြစ်သော အတိတ်နေ့ရက်များကတည်းက ဤယောက်ျားပျိုနှင့်သူ သိကျွမ်းရင်းနှီးခဲ့ပြီးပြီဖြစ်ကြောင်း ဝူးရှီးခံစား၍ရနေ၏။ တစ်ဖက်လူ၏ ပိန်ပါးသွယ်လျသော ခန္ဓာကိုယ်အား သူ့လက်များဖြင့် ပွေ့ဖက်ထိတွေ့လိုက်ရသောအခါ သူ့နှလုံးသားထဲ အမြဲပုန်းခိုနေသည့် ပျော်ရွှင်မှုများနှင့် ရင်ခုန်မှုများက ထူးဆန်းစွာပင်ထွက်ပေါ်လာခဲ့သည်။

ထိုစိတ်များ၏ ဦးဆောင်မှုနှင့်အတူ ဝူးရှီးမှာ သူ့ကိုယ်သူထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ တစ်ဖက်လူ၏အသားကို တိရစ္ဆာန်လေးတစ်ကောင်သို့နှယ် လိုချင်တပ်မက်စွာ နမ်းရှိုက်ကိုက်ခဲလာခဲ့သည်။ ထိုသူနှင့် ရစ်တွယ်ပေါင်းစည်းဖို့ရန် ပိုပိုပြီး စိတ်အားထက်သန်လာခဲ့သည်၊ ပိုပိုပြီး နီးကပ်ချင်လာခဲ့သည်။

ခန်းဆီးစအပြင်ဘက်ဝယ် ဆောင်းဦး၏နှင်းပွင့်များကြောင့် အေးစက်နေခဲ့၏။ ခန်းဆီးစများကြား ပေါက်ဖွားလာသော ၊ ဖူရုန်ပန်းများလွှမ်းသည့် နွေဦးညမှာမူ နူးညံ့နွေးထွေးနေခဲ့၏။

အရှင်ခုနစ် Where stories live. Discover now