အခန်း - ၃၆ { လိုက်ဖက်သော တွဲဖက်တစ်တွဲအား ပါးနပ်စွာ စီစဥ်ပေးခြင်း }

3.1K 698 71
                                    

အပိုင်း - ၃၆

{ လိုက်ဖက်သော တွဲဖက်တစ်တွဲအား
ပါးနပ်စွာ စီစဥ်ပေးခြင်း }

ကျင်ချီးက လျန်ကျိုရှောင်းအား ကြည့်လာကာ အချိန်အတန်ကြာသည့်အထိ ဘာမှမပြောနိုင်တော့ပေ။ ထို့နောက် နဖူးပေါ်လက်တင်လိုက်ကာ ကူရာကယ်ရာမဲ့စွာ ပြုံးမိသွားသည်။ ဤမျှကျယ်ပြောပြီး ရှုပ်ထွေးလှသောလောကကြီးထဲတွင် သူ့ကိုယ်သူ ထူးဆန်းထွေလာ ဗရုတ်သုတ်ခကိစ္စမြောက်များစွာကို တွေ့ကြုံဖူးခဲ့ပြီးပြီဟု ထင်ထားသည်၊ သို့သော်လည်း ယခုလိုမျိုး ဘာလုပ်ရမှန်းမသိသည့်အထိ ဖြစ်စေခဲ့သော အခြေအနေမျိုး ကြုံရမည်ဟု လုံးဝမျှော်လင့်မထားခဲ့ပါ။ နန်နဥ်မင်းသားအား ဘာလုပ်ရမှန်းမသိဖြစ်စေသောအပြုံးမျိုး ပြုံးအောင် လုပ်နိုင်လိုက်သူ လျန်ကျိုရှောင်းသည်လည်း ကူရာကယ်ရာမဲ့စွာ ပြုံးလာခဲ့သည်။

သူ ငယ်ရွယ်စဥ်ကတည်းကပင် သူ၏ ပင်ကိုပါရမီမှာ သိပ်မပြည့်ဝခဲ့ပါချေ။ သိုင်းပညာလေ့ကျင့်ရာတွင်ဖြစ်စေ ၊ စာပေလေ့လာရာတွင်ဖြစ်စေ၊ ရုပ်ဖျက်သည့်ပညာတွင်ဖြစ်စေ ၊ အတန်းဖော်များထက်စာလျှင် သူက အနည်းငယ် အတတ်နှေးခဲ့သည်သာဖြစ်သည်။ ကံကောင်းစွာဖြင့်ပင် မိမိမှာ အပတ်တကုတ်ကြိုးစားရသည်ကို မွေ့လျော်နှစ်ခြိုက်တတ်လေရာ၊ အချိန်ကြာလာသည်နှင့်အမျှ အထုံပါရမီပါသော်လည်း ကြိုးစားလိုစိတ်မရှိသောသူများထက် ပိုပြီးထူးချွန်လာခဲ့သည်။ သူ့ဘဝတွင် အားအကျရဆုံး အလေးစားရဆုံးသောလူသားမှာ ဘက်စုံထူးချွန်သည့် သူ၏အကြီးဆုံး ဆရာတူအစ်ကိုပင်ဖြစ်၏။ အပြင်လောကသို့ ခြေဆန့်ကာ အတွေ့အကြုံရှာခဲ့သော ခရီးတစ်လျှောက်တွင်လည်း သူ့ကိုယ်သူ ပိုပြီးသန်မာထူးချွန်လာကာ ကျိုးကျစ်ရှူးလို အလုပ်အကိုင်မျိုးလုပ်ရရန် ဆန္ဒရှိခဲ့ပေသည်။ သို့နှင့် တိုက်ဆိုင်စွာပင် များမကြာခင်တုန်းက သူ၏ဆရာတူအစ်ကိုထံမှ စာတစ်စောင်ရလာခဲ့သည်။ ဆရာတူအစ်ကို၏ မိတ်ဆွေတစ်ယောက်က လျဲန်ကွမ်သို့ ရောက်လာမည်ဖြစ်ကြောင်း၊ သက်သေအဖြစ် ပစ္စည်းတစ်မျိုး ပေးအပ်လိုက်မည်ဖြစ်ကြောင်း ပြောလာခဲ့သည်။ သူတို့လိုအပ်လာလျှင် ကျိုးကျစ်ရှူးမှ ခန့်အပ်ထားသော ဒေသန္တရလက်ထောက်အဖြစ် သူ ကူညီဆောင်ရွက်ပေးရမည်ဖြစ်သည်။

အရှင်ခုနစ် Where stories live. Discover now