အပိုင်း - ၂၀ { အသည်းနှလုံးမှ လာသောစကား }

4.6K 892 99
                                    

အပိုင်း - ၂၀

{ အသည်းနှလုံးမှလာသောစကား }

ဟယ့်လျန်ရိတို့အဖွဲ့ ထွက်သွားသည်မှာ အတော်လေးကြာနေပြီဖြစ်သော်လည်း ဝူးရှီးက သူ့နေရာတွင်သာ ငြိမ်သက်စွာထိုင်နေဆဲဖြစ်သည် ။ သူ့စိတ်အစဥ်က ထိုအကြောင်းကိစ္စအပေါ် မိမိရရဆုပ်ကိုင်ဖမ်းယူနိုင်ခဲ့သည်ဟု ထင်ရပေမင့် တစ်ချိန်တည်းမှာလည်း သူ ဘာမှနားမလည်လိုက်ပါချေ။

ကျင်ချီးလည်း အချိန်တစ်ခုကြာသည့်အထိ တိတ်ဆိတ်စွာထိုင်နေသည်။ ခေါင်းကိုလည်း အနည်းငယ်ငုံ့ထားကာ မျက်ဝန်းလွှာများ ချထားသဖြင့် သူနှင့်မျက်နှာချင်းဆိုင်နေရာတွင်ထိုင်နေသောသူမှာ သူ၏အမြဲနှစ်လိုဖွယ်ရာကောင်းသောအပြုံးကို သေသေချာချာ မမြင်လိုက်ရပါချေ။ ထိုအချိန်လေးအတွင်းဝယ် သူ၏မေးရိုးများမှာ အနားသတ်များထင်ရှားနေကာ မျက်ဝန်းထောင့်များကလည်း အပေါ်သို့ အနည်းငယ် ကော့တက်လျက်ရှိနေသဖြင့် သွေးအေးပြီး အနှောင်အတွယ်ကင်းသောဟန်ပန်မျိုး ဖြစ်ပေါ်လာစေ၏။

ခဏကြာသော် ကျီရှန်ဝင်လာကာ ကျင်ချီးအား အကြောင်းကြားလာသည်။

"သခင်ကြီး၊ မိန်းမပျိုစူးက ဧည့်ခံမှုကို လက်ခံယူပြီးပါပြီ။ သူ့မှာ အချိန်သိပ်မရလို့ဆိုပြီး ပြန်ခွင့်ပြုဖို့ တောင်းဆိုလာပါတယ်"

ကျင်ချီး ခေါင်းညိတ်လိုက်သည်။

" သူ့ကို တစ်ယောက်လောက် ပြန်လိုက်ပို့ခိုင်းလိုက်။ ဩ၊ ဟုတ်သား.....အရင်တစ်ခေါက်တုန်းက ရောင်စုံသန္တာကျောက် ပန်းကန်လုံးတစ်လုံးကို တစ်ယောက်ယောက်လာပေးဖူးသေးတယ်။ အဲ့ဟာကို သူနဲ့အတူတူယူသွားဖို့ ပြောလိုက်စမ်းပါ။ အဲ့ပန်းကန်လုံးက စာကြည့်ခန်းထဲထားဖို့ကျ အရမ်းကို အရောင်အသွေးစုံပြီး တောက်ပပြောင်လက်လွန်းနေတယ်။ မိန်းမပျိုလေးတစ်ယောက်ယောက်ရဲ့နေအိမ်မှာ ထားတာ ပိုပြီးသင့်တော်လိမ့်မယ် "

ဖင်အန်းမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်ကာ အသက်ရှူဖို့ပါ မေ့သွားသည်။ ဧည့်သည်တော်များအားလုံးက ပြန်သွားပြီဖြစ်သော်လည်း သူတို့၏ အိမ်နီးချင်း၊ ထို့အပြင် စံအိမ်ထဲ အမြဲပုံမှန်လာနေကျ အသိအကျွမ်းဖြစ်သူ ဝူးရှီးကတော့ ကျန်ရှိနေဆဲဖြစ်သည်။ ဖင်အန်းက ကိုယ်ကိုကိုင်းညွှတ်လို်က်ကာ ကျင်ချီးနားရွက်နားသို့ကပ်ပြီး ခပ်တိုးတိုးပြောလာ၏။

အရှင်ခုနစ် Where stories live. Discover now