အပိုင်း - ၆၃ { ဘေးချင်းကပ်အခန်းရှိ အိမ်နီးနားချင်း }

3K 722 63
                                    

အပိုင်း - ၆၃

{ ဘေးချင်းကပ်အခန်းရှိ အိမ်နီးနားချင်း }

ကျင်ချီးစိတ်ထဲတွင် အခြားအတွေးများ ဝင်ရောက်လာခဲ့သည်။ ဟုတ်ပါသည်၊ ညီလာခံထဲ ဟယ့်လျန်ကျောက်ပြောလိုက်သော ဖြောင့်မတ်မှန်ကန်လှသည့်စကား၏ အကြောင်းဇစ်မြစ်ကို တွေးတောနေခြင်းဖြစ်၏။ အစပထမတော့ ဟယ့်လျန်ဖေ့၏ စစ်ရေးစွမ်းရည်ရော စာပေစွမ်းရည်ကိုပါ ချီးကျူးဂုဏ်တင်ခဲ့ကာ ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်သော ဘိုးတော်ကြီးကို ကိုယ်တိုင်ကိုယ်ကျ တပ်ဖွဲ့ဦးစီးစေရန် ဟယ့်လျန်ကျောက်က တိုက်တွန်းလာခဲ့သည်။ တပ်မတော်ကြီး၏ ယုတ်လျော့နေသော စိတ်ခွန်အားကို ပြန်လည်မွမ်းမံမြှင့်တင်ရန်ဖြစ်သည်ဟူသည့် ခေါင်းစဥ်ဖြင့်ပါ ပြောလာခဲ့၏။

ဟယ့်လျန်ကျောက်နှင့် ဟယ့်လျန်ဖေ့မှာ သာမန်ထက်ပိုလွန်သည့်ကိစ္စများကို ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်လိုရာ၌ လွန်စွာမှ စိတ်အားထက်သန်ကြသည်။ ထိုနေရာမှာတော့ ရာနှုန်းအပြည့်ပင် တူညီနေခဲ့ကာ တကယ့်သားအဖအစစ်များဖြစ်မှန်း ခံစားရစေသည်၊ ထိုဖြစ်ရပ်မျိုးမှာ ကြုံတောင့်ကြုံခဲဖြစ်ရပ်ပါပေ။ ထိုအချိန်မှာပင် ဟယ့်လျန်ကျောက်လက်အောက်ရှိ လူယုံတော်များကပါ အရိပ်အမြွက်တစ်ချို့ ဖမ်းဆုပ်မိသွားကာ ဟယ့်လျန်ဖေ့ကို သွေးနားထင်ရောက်သည်အထိ မြှောက်ပင့်ချီးကျူးလာကြသည်။

ဤကိစ္စကို အပြင်းအထန် ကန့်ကွက်ငြင်းဆိုကြသောသူများလည်း ရှိ၏။ အန္တရာယ်များလှသောအချိန်တွင် အဖိုးတန်ရင်သွေးဟူသည့်အရာပင် ရှိမနေနိုင်ပါ၊ ဘာကြောင့်များ ဧကရာဇ်ကိုယ်တော်တိုင်က အန္တရာယ်တောထဲ ဝင်သွားလိုပါသနည်းဟု သတိပေးပြောကြားလာကြ၏။ ထို့အပြင် ဟယ့်လျန်ကျောက်၏ ရည်ရွယ်ချက်အမှန်ကို လှည်းနေလှေအောင်းမြင်းဇောင်းပါမကျန် လူတိုင်းလူတိုင်း သိနေကြသည်သာဖြစ်သည်၊ သူ၏ ဖခင်အိုကြီး ဟယ့်လျန်ဖေ့မှ လွဲလျှင်ပေါ့။

ထို့ကြောင့် ဟယ့်လျန်ဖေ့မှာ ထိုအကြောင်းခြင်းရာအား သေချာချင့်ချိန်လိုခဲ့သည်။ သူ့ကိုယ်သူ လွန်စွာမှ အရေးပါအရာရောက်လှသည်ဟု တွေးဆရင်း ညီလာခံရုပ်သိမ်းလိုက်ပြီး ထိုကိစ္စအား ထပ်မံဆွေးနွေးခဲ့ရန် စီစဥ်လိုက်ပေသည်။

အရှင်ခုနစ် Where stories live. Discover now