အပိုင်း - ၅၈ { ဝဋ်ကြွေးပြန်ဆပ်ရန် နောက်မကျလွန်းပါချေ }

2.7K 685 51
                                    

အပိုင်း - ၅၈

{ ဝဋ်ကြွေးပြန်ဆပ်ရန်
နောက်မကျလွန်းပါချေ }

{ အရှင်ခုနစ် ၊ အတွဲ - ၃ }

[ ထိုသူက မြင့်မားသော အဆောက်အဦးတစ်ခုကို တည်ဆောက်နေခဲ့သည်။ ထိုသူက ဧည့်သည်တော်များအား ဖျော်ဖြေတင်ဆက်ခဲ့ကာ အဆုံးတွင်တော့ ဖြိုလှဲလိုက်လေ၏ ]

န္ဓာတစ်ခု ချုပ်ငြိမ်းသွားသောအခါ ယင်နှင့်ယန်သည်လည်း တစ်ကွဲတစ်ပြားစီ ဖြစ်သွားခဲ့သည်။

လျန်ကျိုရှောင်းက ကျင်ချီးအား အလစ်ချောင်းလုပ်ကြံရန် ကြိုးစားခဲ့ဖူးသော်ငြား အမှန်တကယ်တော့ သူ့လက်များမှာ လူသွေးများဖြင့် မစွန်းထင်းဖူးသေးပါ။ မျက်ဝန်းများအား မှိတ်စက်လိုက်သောအခါ သွေးညှီနံ့ရောနေသည့်မြေကြီးနံ့က သူ့အား မြေကြီးထဲသို့ အတူမြှုပ်ပစ်ချင်သည့်နှယ် တစ်ကိုယ်လုံးအား လွှမ်းခြုံရစ်သိုင်းလာသည်။ သေခါနီးမှာပင် လက်မလွှတ်ရက်ခဲ့သော အမျိုးသမီးတစ်ဦး၏ လက်များနှင့်၊ ကွဲထွက်လုမတတ် ပြူးကျယ်ဝိုင်းစက်နေခဲ့သော ထိုကလေးမလေး၏ မျက်လုံးများ.....

ယောက်ျားတစ်ယောက်က လွယ်ကူစွာ မငိုကြွေးတတ်သည်မှာ နှလုံးသား​ကွဲအက်ရသည့်အထိ မနာကျင်ဖူးသေးသောကြောင့်ဖြစ်၏။

နန်းမြို့တော်သို့ သူ ဘယ်လိုပြန်ရောက်လာခဲ့မှန်း လျန်ကျိုရှောင်း မသိတော့ပါ။ အိပ်ရာထက်သို့ မည်သို့ပြန်ရောက်လာမှန်းလည်း မသိတော့ပါ။ သူသိသည်မှာ အိပ်မက်ဆိုးများကြောင့် လူးလွန့်နိုးထလာရခြင်းသာဖြစ်သည်။ မျက်လုံးများကို ဖွင့်ဟလိုက်သောအခါ ထိုအိပ်မက်ထဲရှိ ကြေကွဲဆို့နင့်ဖွယ်ရာ ဖြစ်ရပ်များမှာ အတုအယောင်များသာဖြစ်ကြောင်း ၊ သူ၏စိတ်ကူးယဥ်မှုများကြောင့် လျှောက်မြင်နေခဲ့ခြင်းဖြစ်ကြောင်း ​ေမျှာ်လင့်ချက်များ ပြန်လည်လှိုက်တက်လာခဲ့၏။ ထို့နောက်  မျက်နှာသစ်၍အပြီး အပြည့်အဝ ပြန်နိုးလာသောအခါ ထိုကလေးမလေးက ကျန်မိသားစုအိမ်တော်တွင် ကောင်းကောင်းမွန်မွန် နေထိုင်နေဆဲဖြစ်ကြောင်း၊ မွေးစားဖေဖေနှင့် ဇနီးလေးကိစ္စအကြောင်း ဆွေးနွေးရန် အရှင့်သားထံ ခေါ်သွားပေးဖို့ရန် သူ့အား တိုက်တွန်းနေလောက်မည်ဖြစ်ကြောင်း ပြန်ပြောင်းအောက်မေ့နေခဲ့သည်။

အရှင်ခုနစ် Where stories live. Discover now