အပိုင်း - ၄၃ { စုံစမ်းမေးမြန်းရန် ထပ်မံတွေ့ဆုံခြင်း }

3.2K 749 96
                                    

အပိုင်း - ၄၃

{ စုံစမ်းမေးမြန်းရန် ထပ်မံတွေ့ဆုံခြင်း }

ဟယ့်လျန်ရိနောက်မှ လိုက်လာသော ကျိုးကျစ်ရှူးက ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရင်း ဝူးရှီးဘေးနားလာရပ်လိုက်သည်။ သို့သော်  မျက်မှောင်အနည်းငယ်ကြုတ်သွားကာ နတ်ဆေးဆရာလေးကို လေးနက်စွာ အကဲခတ်လာသည်။

ကျင်ချီးက အတန်ကြာသည့်အထိ တိတ်ဆိတ်သွား၏။ ဝါဖန့်ဖန့်အသားအရည်နှင့်အတူ မလှုပ်ရှားနိုင်သေးသော မျက်ခွံများ ရှိနေသော်လည်း သူ့နှလုံးသားကမူ တလှပ်လှပ်တုန်ယင်နေခဲ့သည်။ ထိုနေ့တုန်းက အရှေ့နန်းဆောင်တွင် ဟယ့်လျန်ရိဘက်မှ ပြောလိုက်သော ထိုစကားများက သူ့နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။ ယခု​ေတာ့ တစ်ခုခုထူးဆန်းနေမှန်း ရေးတေးတေး ခံစား၍ရနေ၏။

ရှင်သန်နေစဥ် ကြုံတွေ့ရသော လောကဓမ္မတာများမှာ ကြီးမားရှည်လျားသော အိပ်မက်တစ်ခုသာ ဖြစ်သည်။ လူ့လောကကမူ အေးစိမ့်သော ဆောင်းဦးအလီလီကို ဖြတ်သန်းခဲ့ရပြီးပြီဖြစ်၏။ နှစ်ပေါင်းသုံးရာရှည်ကြာခဲ့သည့် ချစ်ခြင်းတရားနှင့် အမုန်းတရားများကလည်း အတိတ်နေ့ရက်များ၌သာ ကျန်ရစ်နေခဲ့ပြီဖြစ်သည်။ အစမှသည် အဆုံးသတ်အထိ လက်ဖျစ်တစ်တွက်စာအချိန်လေးထဲ ဖြစ်ပျက်သွားသည့်အလား ၊ နုပျိုငယ်ရွယ်မှုနှင့် လှပသောဆံနွယ်များမှာ ခြောက်ကပ်သော အရိုးစုများသာ ဖြစ်သွားခဲ့သည်။ စစ်သည်တော်တစ်ယောက်၏ ရဲစွမ်းသတ္တိနှင့် ဂီတသမားတစ်ယောက်၏ အနုပညာအမြုတေမှာလည်း ပြာမှုန်များအဖြစ်သာ ​လွင့်စင်သွားခဲ့၏။

သုံးဘဝကျောက်တုံးဘေးနားတွင် နဂိုမူလတုန်းက ရှိမနေသင့်သော ဧည့်သည်တစ်ယောက်က ခြောက်ဆယ့်သုံးနှစ်ကြာသည်အထိ ထိုဘေးနားတွင် ရှိနေခဲ့သည်။ ခြောက်ဆယ့်သုံးနှစ်တာ တွေးတောချင့်ချိန်ပြီးသည့်နောက်တွင်တော့ ထိုကျောက်တုံးကြီးပေါ်တွင် မည်သည့်အက္ခရာမှ ရှိမနေကြောင်း သူ သိသွားခဲ့သည်။ ကံကြမ္မာမှ ကြိုတင်ဖန်တီးထားသော ဘဝများဟု စွပ်စွဲပြောဆိုကြသော ထိုစကားများမှာ ရယ်မောစရာကောင်းမနေပေဘူးလား။ 

အရှင်ခုနစ် Where stories live. Discover now