အပိုင်း - ၂ { အိမ်နှင့်တူသော အခြားနေရာ ဘယ်မှာမှမရှိ }

7.6K 1.1K 78
                                    

အပိုင်း - ၂

{ အိမ်နှင့်တူသော အခြားနေရာ
ဘယ်မှာမှ မရှိ }

ဘေးပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုကြီး ဝါးမျိုအုပ်စိုးနေသည်ဟု ကျင်ချီးခံစားနေရသည်။ မြူနှင်းမှုန်များကြား အရာရာတိုင်းက သလင်းကျောက်နှယ် ကြည်လင်ပြတ်သားနေသလို ၊ တစ်ချိန်တည်းမှာလည်း သူနှင့်ဤကမ္ဘာလောကကြီးကြား ခွဲဖြာဖျက်ဆီး၍မရနိုင်သော ပါးလျလျအလွှာတစ်ခု ကာခြားထားသည့်နှယ် မှုန်ရီမှိုင်းပျနေ၏။ သူ၏ခန္ဓာကိုယ်သည်လည်း လွန်စွာမှ ပင်ပန်းနွမ်းလျနေလေရာ သတိလက်လွတ်သွားသည်နှင့် မျက်တောင်တစ်ခတ်အတွင်း ချက်ချင်းအိပ်ပျော်သွားလိမ့်မည်ဟု ခံစားနေရသည်။

နောက်ဆုံးအခိုက်အတန့်အတွင်း သူ မြင်လိုက်ရသည့် ပိုင်ဝူချန်၏မျက်နှာပြင်ကို ကျင်ချီး မှတ်မိနေဆဲဖြစ်သည်။ ထိုမျက်နှာပြင်က အေးစက်ခက်ထန်နေသော်ငြား ၊ တစ်ပါးသူတို့ အလွယ်တကူ ထွင်းဖောက်ပြီးမမြင်နိုင်စေရန် မျက်နှာဖုံးတစ်ခုတပ်ဆင်ထားသည့်အလား နားလည်ရခက်လှသော်ငြား ၊ သူ့နဖူးပြင်သို့ လာရောက်ထိတွေ့ခဲ့သော ထိုလက်ချောင်း၏အထိအတွေ့မှာ ထူးဆန်းစွာပင် နွေးထွေးနေခဲ့သည်။

တမလွန်သို့သွားရာ ဟွမ်ချွမ်းလမ်းမကြီးနှင့် ငရဲဘုံဂိတ်ဝများတွင် ယင်ဓာတ်များ ပြည့်နှက်ကြီးစိုးနေကြောင်း ဒဏ္ဍာရီများက ဆိုစမှတ်ပြုကြ၏။ ထို့ကြောင့်လည်း ဆုံးပါးကွယ်လွန်တော့မည့်လူများမှာ မြေအောက်လောကသို့ ထူထဲသော ဂွမ်းစောင်များကို တစ်ပါတည်းယူဆောင်လာခဲ့ရသည်။ ထို့အပြင် သရဲဘုံမှအရာရှိများမှာ ရေစိုင်ရေခဲများတမျှ အေးစက်လှကြောင်း ကျင်ချီး သိပြီးသားဖြစ်ပေသည်၊ ထို့ကြောင့်လည်း သူတို့နှင့် သုံးချီအကွာတွင် ရပ်နေလျှင်ပင် အဆိုပါအေးစိမ့်စိမ့်အငွေ့အသက်များကို ခံစားသိရှိနိုင်ပေသည်။

ပိုင်ဝူချန် ပြုလုပ်လိုက်သော ထိုအပြုအမူကို ကျင်ချီ သေချာနားမလည်ပါ။ သို့သော် ထိုအကြောင်းကို ပြန်ပြောင်းတွေးဆရပါက -

အရှင်ခုနစ် Where stories live. Discover now