အပိုင်း - ၂၄ { ဖဲချပ်များအား ကုလားဖန်ပြန်ထိုးခြင်း }

3.6K 785 65
                                    

အပိုင်း -၂၄

{ ဖဲချပ်များအား ကုလားဖန်ပြန်ထိုးခြင်း }

ပထမမင်းသားကြီး၏စံအိမ်တော်မှ ထွက်လာပြီးကတည်းက သူ၏မြင်းလှည်းပေါ်ပြန်ရောက်လာသည်အထိ ၊ ကျင်ချီး၏ မျက်နှာပြင်ထက်ဝယ် ဆယ်ကျော်သက်လုလင်ပျိုတစ်ဦး၏ မရင့်ကျက်သေးသော အမျက်ဒေါသမီးများ ထင်ဟပ်နေပေသည်။ ဤဇာတ်ကွက်ထဲ အချိန်အကြာကြီး အတင်းအကျပ် ဟန်လုပ်သရုပ်ဆောင်ခဲ့ရသောမျက်နှာပြင်မှာ ချက်ချင်းပင် အနားယူချင်နေသည့်အလား၊ အပြန်ခရီးတစ်လျှောက်လုံး သူ၏မျက်နှာမှာ သုန်မှုန်ထိုင်းမှိုင်းနေခဲ့သည်။ ကျင်ချီးမှာ မြင်းလှည်းပေါ်တွင်သာ မလှုပ်မယှက်ထိုင်နေကာ ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောင်းတွေးတောနေခဲ့သည်။

စံအိမ်တော်သို့ ပြန်ရောက်သည်နှင့် ၊ သူ့ပါးစပ်မှထွက်လာတော့မည့်စကားများကို အတင်းမျိုချကာ တစ်လမ်းလုံး ရေငုံနှုတ်ပိတ်နေခဲ့ရသော ဖင်အန်းက ကျင်ချီးအနားသို့ ချက်ချင်းချဥ်းကပ်လာခဲ့သည်။ ထို့နောက် အသုံးအဖြုန်းလက်ဖွာလွန်းသော သူ၏သခင်လေးအား ဖြူစင်ရိုးသားသောမျက်လုံးရွှဲကြီးများဖြင့် စွပ်စွပ်စွဲစွဲစိုက်ကြည့်လာသည်။

အစတုန်းက ကျင်ချီးလည်း သူ့ကို မမြင်လိုက်သလိုသာ ဟန်ဆောင်နေလိုက်သည်။ သို့သော်လည်း ထိုငနဲသားလေးက သူ့နောက်သို့ မရပ်မနား လိုက်လာနိုင်လောက်သည့် ဇွဲလုံလမျိုးရှိနေမည်ဟု ကျင်ချီး လုံးဝထင်မထားခဲ့။ ဖင်အန်းမှာ စကားတစ်ခွန်းမှမပြောဘဲ သူ့ နောက်သို့ ထပ်ကြပ်မကွာလိုက်လာခဲ့ရင်း ကျင်ချီးအား ဗိုက်အောင့်သွားစေလောက်သည့် ၊ စိတ်အားထက်သန်လှသော အကြည့်စူးစူးကြီးများဖြင့် တောက်လျှောက်စိုက်ကြည့်လာခဲ့သည်။

နောက်ဆုံး​ေတာ့ ကျင်ချီးမှာ သူ့ကိုဆက်ပြီး လျစ်လျူမရှုနိုင်တော့ဘဲ သက်ပြင်းသာချလိုက်ရသည်။

"ဖင်အန်းရာ..... "

ဖင်အန်းက သူ့အား မကျေမနပ်မော့ကြည့်လာသည်။ သူ့မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းမှုနှင့် နာကျင်ခံစားရမှုများ အထင်းသားပေါ်လွင်နေ၏။

အရှင်ခုနစ် Where stories live. Discover now