အပိုင်း - ၁၈ { နန်နဥ္စံအိမ်တော်အတွင်း စည်းကမ်းတင်းကျပ်မှု }

4.7K 953 70
                                    

အပိုင်း - ၁၈

( နန်နဥ္စံအိမ်တော်အတွင်း
စည်းကမ်းတင်းကျပ်မှု)

ကျင်ချီး ခေတ္တမျှ အံ့ဩမှင်သက်သွား၏။

ထို့နောက် အမြန်ပင် သတိလည်လာကာ ဝူးရှီး၏မျက်နှာရှေ့ လက်လှမ်းလိုက်ပြီး အနည်းငယ်ဝှေ့ယမ်းပြလိုက်၏။ ထိုခါမှ ထိုကောင်လေးက မျက်လုံးသာပွင့်နေကာ အမှန်တကယ်နိုးကြားနေခြင်းမဟုတ်မှန်း ကျင်ချီးသိလိုက်ရသည်။

ထိုမျက်ဝန်းများမှာ တစ်ခုခုကို သေသေချာချာ စူးစိုက်နေ​ြခင်းမရှိဘဲ ပျံ့လွင့်ငေးမောနေ၏။ သို့နှင့် ကျင်ချီး၏ နှလုံးသားစည်းချက်ကို လှုပ်ခတ်သွားစေခဲ့သည့်စကားကို ရေရွတ်ပြီးသွားသည့်နောက် ထိုကောင်လေးမှာ တစ်ဖက်သို့ ခေါင်းငဲ့စောင်းသွားကာ ပြန်လည်မေ့မြောသွားလေ၏။

*******

ရောင်နီလင်းချိန် ရောက်လုပြီ။

မြွေပါကတိုးကောင်လေးက ဝူးရှီးအနား ခြေပစ်လက်ပစ်နှင့် ဆန့်ဆန့်ကြီး အိပ်ပျော်နေ၏။ ကျင်ချီးကမူ ဖင်အန်းဘက်မှ စေလွှတ်ပေးပို့လာသည့် ဖျော့တော့တော့ စိမ်းပြာရောင်ဝတ်ရုံကို ဆင်မြန်းလိုက်သည်၊ သူ၏ငိုက်မြည်းနေသည့်စိတ်အစဥ်မှာလည်း လုံးဝ လွင့်ပြယ်သွားပြီဖြစ်၏။

ခေါင်းမှာ အဖြူရောင်ဆံပင်တွေနဲ့.....သုံးဘဝကျောက်တုံးကြီးဘေးနား ထိုင်နေတယ်.....

မြေအောက်ကမ္ဘာတွင် ရာစုနှစ်ပေါင်းအနည်းငယ် ကျင်လည်နေထိုင်ခဲ့သောကြောင့် ထိုနေရာ၏ စည်းမျဥ်းဥပဒေအချို့ကို ကျင်ချီး နားလည်သိရှိခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် လောလောလတ်လတ် သေဆုံးထားသော ဝိညာဥ္များကို တမလွန်လောကသို့ ဝင်လာခွင့်မပြုသေးချေ။ အခြားဥပမာတစ်ခုဆိုရလျှင် သုံးဘဝကျောက်တုံးကြီးနားထိုင်နေသောမိမိကို ဖြတ်ကျော်သွားပြီးသည့် ဝိညာဥ်တိုင်းက မုန့်ဖော်လက်ဖက်ရည်ကို သောက်သုံးပြီးသားဖြစ်နေကာ ၊ မေ့လျော့ခြင်းမြစ်ရေမှ သန့်စင်ဆေး​ကြောခံရပြီးသားဖြစ်နေကာ၊ အတိတ်ဘဝကို မေ့လျော့သွားပြီးသား ဖြစ်နေပေ၏ ။ ထို့ကြောင့် သုံးဘဝကျောက်တုံးနားတွင် ငြိမ်သက်တိတ်ဆိတ်စွာထိုင်နေခဲ့သော မိမိကို ထိုသူတို့က မှတ်မိနိုင်ကြလိမ့်မည်မဟုတ်ပါ။

အရှင်ခုနစ် Where stories live. Discover now