အပိုင်း - ၄ { ဗလာကျင်းနေသော ခမ်းနား​ြခင်းများ }

5.5K 1K 36
                                    

အပိုင်း - ၄

(ဗလာကျင်းနေသော ခမ်းနားခြင်းများ)

အရင်ဘဝတွင် ကျင်ချီးသည် ဖခင်ဖြစ်သူအား ညတွင်းချင်း ဆုံးရှုံးလိုက်ရသော ကလေးတစ်ယောက်သာ ဖြစ်ခဲ့သည်။ တစ်ဖက်တွင် မရေရာတော့သောအနာဂတ်ခရီး၌ မည်သူ့ကို အားကိုး၍ရမည်မှန်း မသိတော့သဖြင့် ကြောက်ရွံ့တုန်လှုပ်ခဲ့ရပြီး ၊ တစ်ဖက်တွင်လည်း မိမိကံကြမ္မာကိုမိမိ ပြစ်တင်ရင်နာ​ခဲ့၏။ သို့နှင့် များသထက်များပြားလာသော သောကပရိဒေဝများကြောင့် ကလေးငယ်မှာ အကြီးအကျယ် ဖျားနာတော့လေသည်။ ဖခင်ဖြစ်သူ၏ ပထမရက်သတ္တပတ်ကို တာဝန်ယူစီမံနိုင်ခြင်းမရှိခဲ့သလို ထိုနေ့ညက စစ်သူကြီး ဖုန်ယွမ်ကျီ ရောက်လာခဲ့သည်ကိုပင် လုံးဝမသိခဲ့ပါချေ။

ဖုန်ယွမ်ကျီနှင့် သူ၏ဖခင်မှာ နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့ကြသော မိတ်ဆွေရင်းချာများဖြစ်ကြသည်။ ဖုန်ယွမ်ကျီမှာ ဓလေ့ထုံးတမ်းများကို အလေးအနက်ထားသူ မဟုတ်သောကြောင့် ညကြီးသန်းခေါင်ဖြစ်နေသည့်တိုင် သူတို့၏စံအိမ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ဤလောကကြီးထဲ မုသားပရိယာယ်များဖြင့် ပြည့်နှက်နေသော်လည်း ထိုသူ၏ အပြုအမူများထဲတွင် ရှာရခက်လှသော ရိုးသားဖြောင့်မတ်မှုများ ရှိနေ၏။

ထိုပုဂ္ဂိုလ် နန်းမြို့တော်မှ ထွက်ခွာမသွားသေးခင် ဤဘဝတွင်တော့ နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံခွင့်ရလိမ့်မည်ဟု ကျင်ချီး လုံးဝမျှော်လင့်မထားခဲ့။

ထိုမေးခွန်းကိုကြားတော့ ကျင်ချီးချက်ချင်းပြုံးမိလိုက်သည်။

"ကျွန်တော်က အိမ်ရှေ့စံမင်းသားရဲ့ စာကြည့်ဖော်ပါ ။ အခုလည်း အရှင့်သားက တိုင်းပြည်ရေးရာကိစ္စတွေထဲ ပါဝင်ပတ်သက်လို့ရတဲ့အရွယ် ရောက်လာခဲ့ပြီဆိုတော့ ကျွန်တော်ကိုယ်တိုင် ပါဝင်ပတ်သက်ခွင့် မရှိရင်တောင် ဟိုဟိုဒီဒီပျံ့လွင့်နေတဲ့ သတင်းစကားတွေကိုတော့ ကြားမိပါတယ်လေ "

"ဟား"

ဖုန်ယွမ်ကျီ ရယ်မောမိလိုက်သည်။ ကျင်ချီး၏စကားမှာ သူ့အရှိုက်ကို ထိသွားသလိုဖြစ်သွားကာ သူ၏မျက်နှာထက်တွင် အရှက်ရသွားခြင်းနှင့် အမျက်ဒေါသများ ထိန်းမနိုင်သိမ်းမရ ထင်ဟပ်လာခဲ့၏။ သို့သော်လည်း စိတ်ဓာတ်ကြံ့ခိုင်သူတစ်ဦးပီပီ ထိုခံစားချက်များကို ငယ်ရွယ်သောကလေးတစ်ယောက်ရှေ့ ထုတ်ဖော်ပြသခြင်းမပြုလို။ ထို့ကြောင့် ခန်းမအပြင်ဘက်ရှိ မှောင်မည်းနေသော ဝေဟင်ပြင်ထက်သို့သာ အကြည့်လွှဲပစ်လိုက်သည်။ အတန်ကြာသည့်တိုင် ခန်းမကြီးထဲ တိတ်ဆိတ်ခြင်းများကြီးစိုးနေကာ ၊ လေသံနှင့်မျက်နှာထားကို ကောင်းစွာပြန်ထိန်းချုပ်ပြီးသွားခါမှ အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထိန်းထားသည့် နူးညံ့ညင်သာသော အသံဖြင့် ဖုန်ယွမ်ကျီ ​စကားဆိုလာ၏။

အရှင်ခုနစ် Where stories live. Discover now