XiYuan Short Fanfic ( MM trans ) - A gaze across infinity

3.4K 368 13
                                    

QiYe Fanfic : A Gaze Across Infinity

Special thanks to original fanfic author Xiong Hyouka ; my best buddy who enjoyed XiYuan and DuanChu together with me.

https://twitter.com/Xiong_Hyouka/status/1345439168835383297?t=y4xu5AedB4ZGHWtwFqoQ2A&s=19

​တမလွန်လောကတွင်လည်း အလှတရားဟူသည် တည်ရှိ၏။ သို့ရာတွင် ထိုအလှတရားမှာ စိတ်အစဥ်ကို ပျော်ရွှင်စေမည်လေလားကမူ ရှုကြည့်သူအပေါ်၌ မူတည်၏။ နီစွေးသော ပန်းမာလာပင်လယ်မှာ အစဥ်ထာဝရတာ  ပွင့်လန်းလျက် ၊ မင်္ဂလာကျက်သရေ အဝေဖြာဆုံးသော အရောင်အသွေးဖြင့် ကတ္တီပါခင်းပမာ ပွင့်လန်းဝေဆာနေသည်။ သို့သော် ထိုမရဏပန်းများကမူ သွေးရောင်အဆင်းဖြင့် နီလွင်နေခဲ့၏။

ထိုပန်းများမှာ ထူးခြားသော ကိုယ်ပိုင်ယုံတမ်းစကားများ ရှိကြသည်။ သေခြင်းရနံ့များ လွှမ်းခြုံနေသည့် ဝမ်းနည်းကြေကွဲခြင်းသင်္ကေတ ၊ ဘဝတစ်ဖက်ကမ်းနှင့် ပတ်သက်ဆက်နွယ်သည်ဟု အဓိပ္ပာယ်ရသော အမည်နာမ၊ အပွင့်များ ပွင့်လန်းနေသ၍ ၎င်း၏ အရွက်များ ဖူးသစ်နိုင်ခြင်းမပြုသောကြောင့် ထာဝရခွဲခွာခြင်းကိုပါ ကိုယ်စားပြုနေလျက်။

သို့သည့်တိုင် ၎င်းမှာ ကံကောင်းခြင်းနိမိတ်ဆောင်သော ပန်းဟုလည်း ယူဆကြသေးသည်။ ထူးခြားဆန်းကြယ်သော ဖြစ်ရပ်များဖြစ်ပေါ်လျှင် ထိုပန်းများက ဝေဟင်ပြင်မှ မိုးစက်များပမာ ရွာသွန်စလာသည်ဟုလည်း ဆိုကြသည်။ သို့သော် ကောင်းကင်ဘုံယံမှ ချီးမြှင့်သည့် ထိုပန်းများကမူ နူးညံ့သိမ်မွေ့သော အဖြူရောင်အဆင်းများ ဖြစ်သည်ဟု ဆိုကြ၏။ ၎င်းအား မြင်တွေ့ခွင့်ရလိုက်သော ပုဂ္ဂိုလ်တို့၏ အပြစ်ဝဋ္ကြွေးကို သန့်စင်ဆေးကြောပေးနိုင်သည်ဟုလည်း ဆိုကြပေသည်။

ပိုင်ဝူချန် သိချင်မိသည်။

ပုလဲအဆင်းရှိ ထိုအဖြူရောင်ပန်းများမှာ လှပရက်လွန်းသော ထိုသူ၏ ပိတုန်းပမာ မည်းနက်သော ဆံကေသာထက် ဘာကြောင့်များ ရွာသွန်းခြင်း မရှိပါသနည်း။ ထိုအစား နှင်းစက်များပမာ ဖြူဖွေးလှစွာသော ဆံနွယ်မျှင်များကသာ အဆုံးမရှိကျယ်ပြောလှသည့် အနီရောင်ပန်းပင်များကြား အသက်မဲ့စွာ လှုပ်ရှားနေခဲ့သည်။

သူ၏ တစ်ခုတည်းသော အမှားကြောင့်ပင် တစ်ခုသော ဝိညာဥ်ပိုင်ရှင်မှာ မရေမတွက်နိုင်သော ဘဝပေါင်းများစွာ ဒုက္ခဝေဒနာ ခံစားခဲ့ရသည်။

အရှင်ခုနစ် Where stories live. Discover now