အပိုင်း - ၂၅ { ပြန်ပြောင်းအောက်မေ့ဖို့ရာ မဝံ့ရဲမိ }

3.2K 798 85
                                    

အပိုင်း - ၂၅

( ပြန်ပြောင်းအောက်မေ့ဖို့ရာ မဝံ့ရဲမိ )

သို့သော် ကျင်ချီး၏မျက်နှာအမူအရာမှာ စောနတုန်းက ဘာမှဖြစ်မသွားသည့်နှယ် တစ်ခဏအတွင်းမှာပင် ဣန္ဒြေမပျက် ပြန်လည်တည်ငြိမ်သွား၏။ မျက်မှောင်အနည်းငယ်ကြုတ်ထားရုံသာဖြစ်ကာ စိတ်သိပ်မရှည်သည့်အသံဖြင့် မေးလာ၏။

"သူ့ကို ဘာလို့ခေါ်လာရမှာလဲဘုရား။ ကျွန်တော်မျိုး သူနဲ့သိကျွမ်းလာတာ ဒီလောက်ကြာနေပြီ၊ သူ့ပါးစပ်ကနေ စကားလေးတစ်ခွန်းထွက်ကျလာဖို့ ဖျစ်ညှစ်မေးမြန်းလို့ကို မရဖူးဘူး။ ပါးစပ်လေးဟလိုက်ပြီဆိုရင်လည်း သူ့စကားအခွန်းတိုင်းက ကျွန်တော်မျိုးကို ဒေါသထွက်သွားအောင်၊ ကိုယ့်ဆံပင်ကို ဆွဲဆောင့်ပစ်ချင်လောက်အောင် ဖြစ်သွားစေနိုင်တာ။ သူပြောသမျှစကားတိုင်းက လုံးဝကို ပြေပြစ်မှုမရှိတော့ အရှင့်သားရဲ့ကြည်လင်နေတဲ့ ရွှေစိတ်တော်ကို အနှောင့်အယှက်ပေးသလို ဖြစ်သွားမှာပါဘုရား"

"ဘာကို စိတ်အနှောင့်အယှက်ဖြစ်ရမှာလဲ။ မင်းတို့အငယ်လေးတွေ ပြောသမျှ ကိစ္စတိုင်းကို ရေးကြီးခွင်ကျယ်လုပ်ပြီး အပြစ်ရှာရအောင် ငါက အဲ့လောက်တောင် သည်းခံမှုနည်းပါးတဲ့လူစားမျိုး ဖြစ်နေလို့လား "

ဟယ့်လျန်ကျောက်က တစ်ဖက်လူကို စိုက်ကြည့်လာ၏၊ ဟန်ဆောင်အပြုံးတစ်ခုမှာ သူ့နှုတ်ခမ်းထက်တွင် တွဲခိုလျက်ရှိနေသည်။

"ဘာကြောင့်များလဲ။ ငါမင်းသားက နတ်ဆေးဆရာလေးဆီကနေ အလေးပေးချီးမြှောက်မှုခံယူရဖို့ရာ မသင့်တော်ဘူးလို့ အရှင့်သားထင်နေပါသလား"

အေး၊ မသင့်တော်တာ အမှန်ပဲ။

ကျင်ချီးက ဟယ့်လျန်ကျောက်အား ခေါင်းစခြေဆုံးကြည့်ကာ စိတ်ထဲမှ ချက်ချင်းကျိန်ဆဲလိုက်သည်။ ဤတစ်ယောက်က သူ့ဝေစုအား အကုန်စားပြီးသွားတော့ ပြဿနာအသစ်မွှေဖို့ အတော်အားယားနေသည်ပဲ။ ဟယ့်လျန်ကျောက်၏ စျေးပေါလှသော သူရဲကောင်းဆန်ချင်မှုအား သူ လျှော့တွက်ခဲ့မိပြီထင်။ သို့သော် ကျင်ချီးက သူ့စကားအတိုင်း လိုက်ပါရယ်မောလိုက်ကာ -

အရှင်ခုနစ် Where stories live. Discover now