အပိုင်း - ၁၅ { ဝမ့်ယွဲ့မြစ်ကမ်းဘေးဝယ် }

3.8K 947 193
                                    

အပိုင်း - ၁၅

(ဝမ့်ယွဲ့မြစ်ကမ်းဘေးဝယ်)

နှစ်သစ်ကူးပွဲတော်မှာ ခမ်းနားသိုက်မြိုက်လှသော ပွဲတော်ကြီးတစ်ခုဖြစ်ပြီး ရွှေနန်းတော်ထဲတွင်လည်း စားသောက်ပွဲကြီးတစ်ခုကျင်းပလျက်ရှိ၏။ ပွဲတော်တက်ရောက်ဖို့ မျှော်လင့်စောင့်စားနေသော ဟယ့်လျန်ရိ၏အဘိုးကြီး (ဧကရာဇ်ဟယ့်လျန်ဖေ့)မှလွဲလျှင် မည်သူတစ်ဦးတစ်ယောက်ကမှ ပျော်မနေချေ။

အတွင်းခန်းမဆောင်ထဲဝယ် အလွှာအသီးသီးမှလာသော မိဖုရားကြင်ယာ၊မောင်းမမိဿံများက အလှအပချင်းပြိုင် ဂုဏ်ချင်းဆိုင်ကြကာ ဧကရာဇ်၏ချစ်ခြင်းမေတ္တာကို ရရှိဖို့ရန်အပြင်းအထန် ကြိုးစားယှဥ္ပြိုင်နေကြသည်။ ဆိုရိုးစကားရှိထားသည့်အတိုင်းပင် ၊ မိန်းမသုံးယောက်ရှိရုံမျှဖြင့် ပြဇာတ်တစ်ပွဲဖြစ်လာနိုင်ပြီး မရေမတွက်နိုင်လောက်အောင်များပြားသော မိန်းမများ စုဝေးသွားလျှင်တော့ သန်းချီသောဘဲအုပ်ကြီးစုဝေးထားသည့်အလား ကပ်ဆိုးကြီးတစ်ခုဖြစ်သွားမည်ဟုဆို၏။

အပြင်ဘက်တွင်လည်း မွေးဖွားလာကတည်းက ဘွဲ့ရာထူးရရှိပြီးသား, သားတော်များနှင့် ရိုးရိုးငယ်အမည်သာရရှိသေးသောသားတော်များ ရှိနေကြကာ အယောက်တိုင်းက အကြံကိုယ်စီ ရှိနေကြပြီး ပြုံးရွှင်ဖော်ရွေသောအပြုအမူများဖြင့် သူတို့၏ပြိုင်ဖက်ရန်သူကို ရှေ့မှောက်တွင်ရော နောက်ကွယ်မှာပါ နည်းလမ်းပေါင်းစုံဖြင့် မရပ်မနားတိုက်ခိုက်နေကြသည်။ သူတို့၏ နောက်လိုက်ငယ်သားများနှင့် မှူးမတ်ဝန်ကြီးများကလည်း အသက်မပါသော အပြုံးတောင့်တောင့်ကြီးများဖြင့်သာ အလိုက်သင့်ပြုံးပြနေကြ၏။

ဟယ့်လျန်ဖေ့ကလည်း ထိုအကြောင်းကို အရေးတယူလုပ်ပြီး စကားထဲထည့်မပြောဖြစ်ပေ။ ဤနန်းတော်ထဲတွင် ဘဝသက်တမ်းတစ်ဝက်လောက် နေထိုင်လာခဲ့သောသူမို့ ဤပွဲတော်ထဲတွင် ဘာတွေဖြစ်ပျက်နေမှန်း သူ မသိ၍မဟုတ်ပါ။ တိုင်းပြည်ကို အောင်မြင်စွာ မအုပ်ချုပ်နိုင်သော်လည်း၊ လောကကြီးအား တစ်သားတည်းဖြစ်အောင် စုစည်းနိုင်စွမ်းမရှိသော်လည်း၊ သူ၏မျက်နှာသာပေးမှုကို ရရှိဖို့အတွက် လူတိုင်းက အပြင်းအထန် ယှဥ္ပြိုင်ကြိုးစားနေကြကြောင်း ဟယ့်လျန်ဖေ့လည်းသိနေပါသည်။

အရှင်ခုနစ် Where stories live. Discover now