အပိုင်း - ၁၉ { ချဥ္းကပ်လာသော မုန်တိုင်း }

4.4K 893 33
                                    

အတွဲ - ၂
{ ကြမ္မာငင်ရာကို မသိလေသော ပန်းမာလာတို့မှာ တုနှိုင်းမဲ့စွာ လှပကြလေသည် }

အပိုင်း - ၁၉
(ထစ်ချုန်းရွာချတော့မည့်
မိုးသက်လေပြင်း)

ဖင်အန်း၏ ခေါ်ဆောင်ရာနောက်သို့ ဝူးရှီးလိုက်လာရင်း ၊ စံအိမ်တော်အပြင်ဘက်သို့ လွင့်ပျံ့ထွက်လာသည့်  ဗျပ်စောင်းသံနှင့်အတူ ထိုဗျပ်စောင်းသံနှင့် လိုက်ဖက်ညီလှစွာသော မိန်းမပျိုတစ်ဦး၏ သီချင်းသီဆိုသံကို  ကြားလိုက္ရသည်။ လျှောက်လှမ်းနေဆဲ ခြေလှမ်းများကို တုံ့ဆိုင်းလိုက်ရင်း ၊ ဤသီချင်းသံကို သီဆိုနေသောသူမှာ ထိုနေ့တုန်းကတွေ့ခဲ့သော ဝမ့်ယွဲ့မြစ်မှ လဝန်းပျိုမဒီဖြစ်ကြောင်း ဝူးရှီး တပ်အပ်ပြောနိုင်၏။ မည်သို့ပင်ဆိုစေ၊ သူ့ဘဝတစ်သက်လုံးတွင် ဤမျှထိ လှပငြိမ့်ညောင်းစွာ သီဆိုကျူးရင့်နိုင်သည့် မိန်းမပျိုမျိုးကို သူမကြုံခဲ့ဖူးသေးပါပေ။

သေချာအာရုံစိုက်ကာ နားထောင်ကြည့်လိုက်တော့ စူးချင်းလွမ်၏ သီချင်းစာသားက သူ၏သောတအာရုံသို့ လာရောက်ရိုက်ခတ်၏။

"ဇာမဏီမဏ္ဍပ်နဲ့ နဂါးမျှော်စင်တွေဟာ ကောင်းကင်ဘုံနန်းမှာ တစ်သားတည်း ပေါင်းစည်းဖြစ်တည်လို့။ ကျောက်စိမ်းသစ်ပင်နဲ့ သလင်းကျောက်နီအကိုင်းအခက်တွေဟာ အဝေးကတိမ်သလ္လာတွေမှာ ချန်ရစ်လို့၊ ဘယ်နှစ်ကြိမ်များ - "

သူ ခေါင်းပြန်မော့လာသောအခါ ကျင်ချီးကိုယ်တိုင် သူ့ကို လာရောက်စောင့်ကြိုနေသည်ကို တွေ့လိုက်ရ၏။ ပြုံးရွှင်မြူးတူးနေသောမျက်နှာဖြင့်ပင် ကျင်ချီးက သူ့ကို စံအိမ်ထဲသို့ အတင်းဆွဲခေါ်လာခဲ့သည်။

"အထူးဧည့်သည်တော်ရှိနေတဲ့အချိန်ကြီးကို ရောက်ချလာတာဆိုတော့ မင်းမှာ သီချင်းကောင်းကောင်းနားထောင်ရဖို့ ကံကို ပါလာတာပဲ။ လာ၊ မြန်မြန်အထဲဝင်လာပြီး ငါတို့နဲ့အတူ လာထိုင်လှည့်"

မြွေပါကတိုးကောင်လေးက ကျင်ချီး၏ ဝတ်ရုံလက်စမှ အပြင်သို့ ခုန်ထွက်လာသည်။ ထို့နောက် သူ အထူးခင်မင်ရင်းနှီးရပါသော မိတ်ဆွေရင်းကြီး ဝူးရှီးကို မြင်လိုက်ရသောအခါ မြွေပါကတိုးကောင်လေးမှာ သူ့ကို ချစ်ခင်မြတ်နိုးစွာနှင့် စားကောင်းသောက်ဖွယ်များ ကျွေးမွေးထားသည့် ယောက်ျားပျိုကို စွန့်ပစ်ထားလိုက်ကာ ဝူးရှီး၏ရင်ခွင်ထဲသို့ အပြေးလေးခုန်ဝင်လာ၏။ ထိုအခြင်းအရာကိုမြင်တော့ ကျင်ချီးက "ကျေးဇူးသိတတ်ရကောင်းမှန်း မသိတဲ့ ကောင်စုတ်လေး"ဟု ရွှတ်နောက်နောက် ဆူပူလိုက်ကာ ဤအတိုင်းသာ လွှတ်ထားလိုက်သည်။

အရှင်ခုနစ် Where stories live. Discover now