အချပ်ပို - ၁ { မိမိ၏နည်းလမ်းဖြင့်ပင် ပြန်၍အနိုင်ပိုင်းခံရခြင်း }

4.9K 799 98
                                    

အချပ်ပို - ၁

{ မိမိ၏နည်းလမ်းဖြင့်ပင်
ပြန်၍အနိုင်ပိုင်းခံရခြင်း }

နန်နဥ်မင်းသားအား ရင်ဆိုင်ရခက်လွန်းသော အကြောင်းရင်းမှာ ထိုသူက ရေလိုက်ငါးလိုက် အလွန်လုပ်တတ်သောကြောင့်ဖြစ်သည်။ အနည်းဆုံးတော့ ထိုသူက မှောင်ရိပ်ကျနေသော လမ်းဆုံးထိ လမ်းဆက်ဖောက်မည့် လူစားမျိုးမဟုတ်လောက်ဟု ထင်ရစေပေ၏။ အမှန်တကယ်တော့ ထိုသူက ထိုလမ်းကို လျို့ဝှက်စွာ ကြံစည်ဆောင်ရွက်နေခဲ့ခြင်းသာဖြစ်သည်။ ကံမကောင်းအကြောင်းမလှစွာပင် ၊ ထိုအကြောင်းကို နောကျေစွာသိနေသောသူဟူ၍ ဤလောကကြီးတွင် ရှိမနေနိုင်ခဲ့။

နတ်ဆေးဆရာကြီး နားနေခဲ့သည့် နန်းမြို့တော်ရှိ စံအိမ်တွင် ကျင်ချီးတစ်ယောက်လည်း တဖြည်းဖြည်းနှင့် နလန်ပြန်ထူနိုင်ခဲ့သသည်။ သေလုမျောပါးအခြေအနေမှလွတ်ကာ  ရိုးရိုးသာမန်လူများလို စကားပြောနိုင်သည့်အချိန်မှစတင်ပြီး နန်နဥ္မင်းသားခမျာ ဝူးရှီး၏ဒေါသအား ချွန်းအုပ်နိုင်ရန် ပီယဝါစာ စကားအလိမ္မာပေါင်းများစွာကို အသုံးချခဲ့ရပေသည်။

အရင်တုန်းကသာဆိုလျှင် ဝူးရှီးက သူ၏အနှောင့်အယှက်ပေးမှုကို စိတ်ရှုပ်နေမည်ထြစ်သော်လည်း ယခုတော့ ထိုယောက်ျားပျိုလေးက အဆင့်တစ်ဆင့် မြင့်တက်လာခဲ့ပြီဖြစ်ကာ အရင်ကထက်ပိုပြီး သဘောထားကြီးလာသည့်ဟန်ပင် ရနေပေသည်။

ထိုအချိန်တွင် ဝူးရှီးလည်း ရုတ်တရက် နားလည်လိုက်ပေသည်။ ထိုယောက်ျားပျို၏ ဦးနှောက်က အရေးမပါသောအရာများသာ ပြည့်နေခဲ့ကာ၊ အထဲတွင် ပုပ်သိုးနေသော်လည်း အပြင်ဘက်တွင် ရွှေရောင်တဝင်းဝင်းတောက်ပနေအောင် မျက်နှာချေမှုန့်အပုံလိုက်ကြီးကြား နှစ်ပေါင်းမည်မျှပင် လူးလှိမ့်နေရမှန်း သူ သေချာမပြောနိုင်တော့ပါ။ ဝမ်းဗိုက်ပေါ်ကျလာသော မင်ရည်တစ်စက်ကိုပင် လုံးဝအလဟဿမဖြစ်စေဘဲ အခြားလူကို ချော့မော့နှစ်သိမ့်ဖို့ သေချာအသုံးချတတ်သည်။ ထိုသူမှာ လွန်စွာမှပင် နှုတ်ရေးချိုလှကာ စကားအလိမ္မာသုံးရာ၌ လွန်စွာမှပင် ကျွမ်းကျင်လှသည်။ ဥပမာအားဖြင့် - ထိုသူက ဆိုးရွားကြမ်းတမ်းသောစကားများ လုံးဝမပြောဘဲ အခြားလူများကြားလိုသည့်စကားကိုသာလျှင် ပြောလာတတ်သည်။

အရှင်ခုနစ် Where stories live. Discover now