အပိုင်း - ၄၉ { လမ်းဆုံး }

2.9K 697 29
                                    

အပိုင်း - ၄၉ { လမ်းဆုံး }

ကျိုးကျစ်ရှူးက သူ၏တာဝန်များကို သေသပ်တိကျစွာ ဆောင်ရွက်တတ်ကာ အမှားအယွင်းလုံးဝ ချန်မထားတတ်ပေ။ သေသင့်သောသူက သေရမည်ဖြစ်ကာ အသက်ရှင်သင့်သောသူကို ရှင်သန်ခွင့်ပေးမည်။ ထုတ်မပြောကောင်းသော အရာများကိုလည်း သူသေသွားသည့်တိုင် သိရှိပေါက်ကြားခြင်း မရှိစေရ။

တစ်လကြာသွားသောအခါ ဟယ့်လျန်ချီက သူဖွက်ထားသော ယုန်ငယ်လေးကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီဖြစ်ကာ ပျော်စရာ အသစ်အဆန်းလေးများကို စတင်ရှာဖွေပြန်ပြီဖြစ်သည်။ ထိုစဥ် အနောက်မြောက်ဒေသရှိ ကျန်းမိသားစုကတော့ မိုးမီးလောင်နေခဲ့သည်။

ကျန်းကျင့်၏ဇနီး၊ ကျန်းထင်းယွီ၏ မွေးမိခင်အရင်းက ထိုသတင်းကိုကြားသောအခါ သေလုမြောပါး ဖြစ်သွား၏။ ဆေးအပြင်းစားများကိုသုံးကာ သူမအသက်အား ခက်ခဲစွာ မနည်းပြန်ဆယ်ခဲ့သော်လည်း အခြေအနေများပြန်ဆိုးနေခဲ့ကာ များမကြာမီအတွင်းမှာပင် သားဖြစ်သူနောက် လိုက်ပါသွားခဲ့၏။ အိမ်တော်ထိန်းအိုကြီးကလည်း နောက်တစ်နေ့တွင် ကြိုးတစ်ချောင်းရှာကာ ကြိုးဆွဲချသတ်သေခြင်းဖြင့် သူ့ကိုယ်သူ အဆုံးစီရင်လိုက်လေသည်။ အခြားလူများ လာတွေ့သောအခါ ခန္ဓာကိုယ်ကပင် အေးစက်နေခဲ့ပြီဖြစ်သည်။ ကျန်းကျင့်က သွေးပွက်ပွက်အန်ခဲ့ကာ လဝက်မျှကြာအောင်ပင် ရူးသွပ်စွာပေါက်ကွဲနေခဲ့လေသည်။ တစ်ယောက်ယောက်က အော်ပြောလိုက်သော "သခင်ကြီး၊ အသင်သာ သေသွားရင် သခင်လေးအတွက် ဘယ်သူလက်စားချေပေးမှာလဲဗျ!!!!!!"ဟူသော စကားကြောင့် ထိုရူးသွပ်မှုများ လွင့်စင်ပပျောက်သွားခဲ့သည်။

သေအံ့မူးမူးဖြစ်နေသော ကျန်းကျင့်ကလည်း တစ်စုံတစ်ခုကို နားလည်သွားခဲ့လေပြီ။ သူ့ထံတွင် သားသမီးများ မရှိတော့ပါ၊ သူ့မျိုးဆက် ပြတ်တောက်မျိုးသုဥ္းသွားသည်ကို ကူရာကယ်ရာမဲ့စွာသာ ကြည့်နေရကာ ဘာမျှော်လင့်ချက်မှ ကျန်မနေတော့။ ထို့နောက် သူ့ဘဝတစ်လျှောက်လုံး ထိုအကောင်ဟယ့်လျန်ချီအတွက် မည်မျှကြိုးစားပေးခဲ့ဖူးကြောင်း တွေးလိုက်ကာ ကောက်ချက်တစ်ခု ချလိုက်၏။ လုံးဝ မတန်ခဲ့ပါချေ၊ လုံးဝ လုံးဝ..... မတန်ခဲ့ပါချေ။

အရှင်ခုနစ် Where stories live. Discover now