Episode 1(Zawgyi)

19K 194 0
                                    

ဒါဟာ ကျွန်မရဲ့ဆုတောင်း
===================

မှိန်ဖျော့ဖျော့နေ့တစ်နေ့ရဲ့အဆုံးမှာ နေမင်းကြီးက သူ့ရဲ့​နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ်
ကျွန်မကို နှုတ်ဆက်သွားမှာ ကျွန်မကြိုသိနေတယ်လေ ။

ကျွန်မစွန့်ခွာမသွားခင်
ကမ္ဘာမြေကြီးက ကျွန်မကို
သူ့ရဲ့လက်တွေနဲ့
ဘာကြောင့် ပွေ့ဖက်ဖို့ ခေါ်ရလဲ ။

ညရဲ့တိတ်ဆိတ်မှုဟာ
ကြယ်တွေရဲ့အကြောင်း
ကျွန်မကို ဘာကြောင့်လာပြောပြလဲ ။

ကျွန်မရဲ့ကဗျာတစ်ပုဒ်ကို
ပြီးပြည့်စုံစေဖို့
နောက်ဆုံး ကာရံန​ဘေစာသားကို
ကျွန်မလက်စသတ်ပါရစေ ။

သူမမျက်နှာကို တွေ့မြင်ဖို့အတွက်
မီးအိမ်လည်း ထွန်းညှိပါရစေ ။

ကျွန်မ သီခဲ့တဲ့ပန်းကုံးကိုလည်း
သူမခေါင်းမှာ ပန်ဆင်ပေးခဲ့ပါရစေ ။

ဒါဟာ...
ကျွန်မရဲ့ဆုတောင်းတွေပါပဲ ။

~

ကျွန်းတံခါးမကြီးကို ကျောခိုင်းလက်နှောင်းရပ်နေစဉ် ဦးစိုင်းလုံရောက်လာသဖြင့် ခ,လှည့်ကြည့်လိုက်သည် ။ သော်ကမြိုင်စံအိမ်၏ အိမ်တော်ထိန်းဦးစိုင်းလုံသည် တံခါးဝ၌ ဦးခေါင်းကို ငုံ့၍ ရို့ကျိုးစွာ ရပ်နေ၏ ။ အသားအရောင်နီနီ ၊ နှုတ်ခမ်းမွှေးကားကားနှင့် ခပ်ဝဝပုံပန်းရှိကာ ရှမ်းဝတ်စုံ အမြဲဝတ်ဆင်တတ်သော ဦးစိုင်းလုံသည် ဤ​​သော်ကမြိုင်စံအိမ်ကြီး၌ အမြဲတမ်းလူယုံလည်းဖြစ်သည်။

"ဇဝါထွဋ်ခေါင်ရောက်လာပါပြီ”

ခ,ကျွန်းတံခါးမကြီးအထပ်ထပ်ကို ကွေ့ပတ်ဖြတ်လျှောက်ကာ စံအိမ်အတွင်းမှ ထွက်လာ​သည်။

"နေပူတယ်ခ ၊ ဦးလုံထီးလိုက်မိုးပေးပါ့မယ်''

"ရတယ် ၊ ဦးလုံက ခွန်​လေးဆေးကြိုတာကူညီပေးလိုက်ပါ ၊ ခကို ထီးပေး''

ဦးစိုင်းလုံထံမှ ခေါက်ချိုးထီးအနက်ကို ယူဖွင့်ဆောင်း၍ အလုပ်သမားအိမ်ရာများ အတွဲအလိုက်ဆောက်လုပ်ထားသော ​မြေပြန့် ခြံကွင်းပြင်ဘက်သို့ ခကုန်းမြင့်​​ပေါ်မှ ဆင်းလာသည်။

သော်ကမြိုင်ခြံထဲ၌ စံအိမ်ပိုင်မဟုတ်သော ဖို့စ်ကားတစ်စီးရပ်ထားသည် ။ ထိုကား​ပေါ်၌ အသက်နှစ်ဆယ့်ငါး သုံးဆယ်ဝန်းကျင် လူရွယ်တစ်ဦးထိုင်​နေ၏ ။ ထိုလူရွယ်သည် ကားပေါ်မှ ဆင်း၍ ပုဆိုးကို ဖြန့်ဝတ်နေ၏ ။ ခလည်း သူ့ကို ကျော်၍ အိမ်ရာဘက်ထွက်လာသည် ။

This is my prayerWo Geschichten leben. Entdecke jetzt