Episode 3(Unicode)

5.4K 460 4
                                    

"မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေး ဌာန၏ ထုတ်ပြန်ချက်များအရ...''

မိုးလေဝသ ပြည်တွင်းသတင်းများ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအနှံ့အပြား၌ ဖြစ်ပေါ်လျက်ရှိသော ရာသီဥတုအခြေအနေများကို တိုင်းနှင့် ပြည်နယ်အလိုက် ရေဒီယိုမှ ညစဉ်ထုတ်လွင့်တင်ဆက်နေသည် ။

"ဟတ်ချိုး''

ပျမ်းမျှအပူချိန်မှာ 24°Cရှိကြောင်း ရေဒီယိုအသံလှိုင်းတွင် တင်ဆက်ချိန်၌ စည်းထားသည့် ဆံပင်များကို ခ,ဖြည်ချရင်း နှာချေလိုက်သည် ။ ညရှစ်နာရီသတင်းထုတ်လွင့်ပြီးသောအခါ တေးသီချင်းကဏ္ဍများ ရောက်လာပြီး တေးသံစဉ်များ မြိုင်မြိုင်ဆိုင်ဆိုင်လွင့်လာသဖြင့် ရေဒီယိုကို ပိတ်လိုက်သည် ။ ပြီးနောက် တံခါးဝနားရှိ စားပွဲသို့ လှည့်ကြည့်တော့ စာမျက်နှာဖွင့်လျက် ဗလာစာအုပ်မှာ စာဖတ်သူမရှိဘဲ အထီးကျန်နေသည် ။ စားပွဲသို့ သွား၍ ဗလာစာအုပ်ကို လှန်လျောကြည့်တော့ စာမျက်နှာတိုင်း၌ အမှားကို တွေ့ရသည် ။ ဖျက်ရာ ၊ ခြစ်ရာများကြောင့် အချို့စာမျက်နှာများမှာ ညစ်ပတ်ပေတူးနေပြီး အချို့စာရွက်သားများမှာ စုတ်ပြဲနေသည် ။

ကုလားထိုင်၌ အရိပ်လှုပ်ခနဲ ဖြစ်သွား၍ အံဆွဲမပါသည့် စားပွဲအောက်ကို အကြည့်ပြောင်းစဥ် မီးရောင်အောက်၌ ခြေထောက်သေးသေးလေးတစ်စုံကို ခ, မြင်ရ၏ ။ ခ,စားပွဲခုံကို လက်ခုံဖြင့် အသာခေါက်လိုက်သည် ။

"ထွက်လာခဲ့''

ထိုအခါ ပိုးဥလေးက မျက်လုံးတစ်ဖက်ကို လက်ဖြင့် ပွတ်၍ ပုန်းနေရာမှ ထွက်လာသည် ။

"ခဲဖျက်ကျသွားလို့ ဆင်းကောက်တာပါ ၊ ဟီး''

"ယုံပေးလိုက်မယ်''

ခ,စိုက်ကြည့်နေသဖြင့် ပိုးဥလေးက တောင်လိုလို မြောက်လိုလို ဖင်ကုပ် ၊ ခေါင်းကုပ်လုပ်နေရာမှ ကုလားထိုင်တွင် ပြန်ထိုင်၍ စာပြန်လုပ်သည် ။ ခ, ကျွန်းသစ်ဗီရိုကြီးဆီသို့ ပြန်လာကာ အနွေးစောင်တစ်ထည်ယူထုတ်၍ မွေ့ယာထူထူပေါ်၌ ဖြန့်ခင်းလိုက်သည် ။

"တီတီခ''

"အင်း ၊ ဘာလဲ"

"ဥလေးဗိုက်အရမ်းဆာနေလို့ ထမင်းအရင်သွားစားလို့ရမလားဟင် ၊ အားမရှိရင် စာလုပ်နိုင်မှာမဟုတ်ဘူးတီတီခရဲ့''

This is my prayerWhere stories live. Discover now