Episode 24 (Unicode )

3.8K 342 6
                                    


"ခ ၊ ဧည့်သည်လာပါတယ်''

ခ လိမ္မော်ခြံ၌ ဂူဒေါင်ဘေးရှိ ယာယီကုလားထိုင်တွင် ​ငွေစာရင်း​ပေါင်း​နေစဉ် ဒေါ်ကြီးမှတ်က လာပြောသည် ။ ခ,ကြည့်လိုက်တော့ ​ဒေါ်ကြီးမှတ်​နှင့်အတူ သူငယ်ချင်းအိမ့်​ရွှေစင်​ဝင်းက အတူပါလာသည် ။

"ကျားသား မိုးကြိုး ၊ အိမ့် နင် ငါ့ဆီ မလာတာဖြင့် ဘယ်လောက်ကြာနေပြီလဲ''

အိမ့်က စားပွဲဝိုင်းတွင် ဝင်ထိုင်ပြီး သူမ၏ လက်ကိုင်အိတ်ကို စားပွဲပေါ်ချ၍ တရစပ်ပြောလာသည် ။

"နယ်ချဲ့အင်္ဂလိပ်တွေသာ မြန်မာပြည်က စွန့်ခွာ​​ထွက်​ပြေးကုန်ကြတယ် ၊ ငါ့မှာ​တော့ အခုထိ လွပ်လပ်ရေးမရသေးပါဘူးခ​ယောင်းရယ် ၊ အိမ်ရှေ့အိမ်နောက် သွားတာတောင် မျက်စိဒေါင့်ထောက် အကြည့်ခံနေရတဲ့ဘဝပါ ၊ နင့်ဆီ အားယားစွာလာနိုင်ပါ့မလားဟဲ့ နင်က​တော့ အခွင့်အရေးရှိရက်နဲ့ ငါ့ကို တစ်ကြိမ်တောင်လာမတွေ့ဘူးနော် ၊ အနည်းဆုံး သာကြောင်းမာကြောင်း​မေးရင်း နင့်ရုပ်ကြီး ငါ့ကို လာပြသင့်ပါတယ်''

အိမ့်၏အပြောကြောင့် ခ,ခပ်ထေ့ထေ့ ရယ်လိုက်ရင်း စာရင်းစာအုပ်ကို ပိတ်လိုက်သည် ။

"ဒေါ်ကြီးမှတ်သွားလို့ရပါပြီ ၊ တစ်လက်စတည်း လိမ္မော်ရည်နှစ်ခွက်ယူလာပေးနော်”

"ဟုတ်ကဲ့''

ဒေါ်ကြီးမှတ်ထွက်သွားတော့ ခ,စူပုပ်ပုပ်ရုပ်ဖြစ်နေသည့် အိမ့်ကို ဘာလဲဟူသည့် သဘောဖြင့် မျက်ခုံးပစ်ပြလိုက်သည် ။

"မမညို့က ခြံမှာ အလုပ်လုပ်နေသေးတာလား”

"ပုံသေအလုပ်လုပ်တယ်လို့တော့ မဟုတ်ပါဘူး ၊ မမက အားတဲ့အချိန် ငါ့ကို ကူပေးတာပေါ့ ၊ မမ ဒီမှာရှိနေရင် ဦးလုံကို လက်ဖက်ခင်းဘက် လွဲထားလို့ ရတယ်လေ ၊ ငါလည်း မမကြောင့် တော်တော်သက်သာတယ်''

"ဟုတ်လား နင့်အတွက် မမညို့က အမေလို အစ်မလို အားကိုးချင်စရာကြီး ဖြစ်နေတော့မှာပဲ ၊ ငါလည်း မမညို့လို ဂရုစိုက်တတ်တဲ့ အစ်မတစ်ယောက် လိုချင်လိုက်တာ''

အိမ့်ပြောသည်မှာ အဟုတ်မို့ ခပြုံးလိုက်သည် ။ မမက ခအတွက် အမေလိုအစ်မလိုမျိုး အစစအရာရာ ကြင်နာအားဖြည့်​ပေးသည်မဟုတ်လား ။

This is my prayerWhere stories live. Discover now