Episode 15(Unicode)

4K 344 7
                                    

ချောင်းရေကန်သည် ငွေလမင်းဧည့်ရိပ်သာ၏ မနီးမဝေး၌ တည်ရှိသည် ။ ​​ကောစပြုသောကန်၌ ညှိုးခြောက်နေသော ကြာပန်းနှင့်ရေမှော်ပင်အချို့ ရှိသည် ။

ကြာပင်တို့၏ ထုံးစံမှာ ရေမြင့်လျှင် ရေနှင့်အတူ အပေါ်သို့ တက်လာပြီး ရေနိမ့်လျှင် ရေနှင့်အတူ အောက်သို့ နိမ့်ဆင်းသွားတတ်သည် ။ သို့သော် ထိုကန်ထဲရှိ ကြာများမှာ ဤသို့မဟုတ် ။ ခြေကျင်းဝတ်သာသာ ရေအမြင့်ရှိသော ကန်ကြီးထဲတွင် ညှိုးခြောက်ခြောက်ကြာပင်တို့ အပေါ်သို့ ထိုးထိုးထောင်ထောင် ထွက်နေ၏ ။

ကန်၏ထိပ်၌ ခလက်ပိုက်ရပ်နေ၍ ကြာကန်ကြီးကို တမေ့တမော ငေးသည် ။ ခ,ဘေး၌ ဦးမိုးမာန်က သူ့ပြဿနာများကို အားပါးတရ ပြောနေသည် ။

"ကိုမိုးတို့အကြောင်း ညို့သိသွားပြီ ၊ ယုယမီက ကိုမိုးကို အိမ်ပေါ်က နှင်ချတယ် ၊ ဒီလိုအခြေအနေ ဖြစ်လာမှတော့ ကိုမိုး ခနဲ့ လက်ထပ်မယ် ၊ ခရော ကိုမိုးတို့အနာဂတ်အစီအစဥ် ဘယ်လိုဆွဲထားလဲ”

ခ,သွေးအေးစွာ ပြုံးလိုက်သည် ။ နားမလည်သလို ကိုယ့်ကိုယ့်ကိုယ် လက်ညိုးထိုးပြီး ဦးမိုးမာန်ကို လက်ညိုးပြန်ထိုးသည် ။

"ခက ကိုမိုးကို ယူရမယ် ၊ ဟာသတွေ”

"ခ,ဘာတွေပြောနေတာလဲ”

လေပြည်ကြောင့် ခ၏ ဆံနွယ်တွေ ဝဲလွင့်သည် ။ အလွန်လှပသည့် ညနေခင်း ။ ကန်ကို ကလေးလို ပတ်ပြေးချင်ရလောက်အောင် ပေါ့ပါးသည် ။ စိတ်မှာ သင့်သောင့်သက်သာ ဖြစ်နေသည် ။

"ကန်တော့ဆွမ်းလို့”

ပျက်ယွင်းသွားမည့် ဦးမိုးမာန်မျက်နှာကို ခ,ငဲ့စောင်းကြည့်သည် ။ ဦးမိုးမာန်က ကြိတ်မနိုင်ခဲမရ ဘီလူးသံပရာသီးစားသည့်ရုပ် ဖြစ်နေ၏ ။

"ကိုမိုးကို ချစ်တယ်ဆို အခုမှ ဘာထဖြစ်တာလဲကွာ”

"ပြောမိလို့လား ၊ ဘယ်တုန်းကလဲ”

ခ,မျက်နှာပြောင်ဖြင့် မသိချင်ယောင်ဆောင်မေးလိုက်တော့ ဦးမိုးမာန်မှာ ခ၏ အလိမ်အညာ ရိပ်မိသွားသည် ။

"ခ ကိုမိုးကို ဘာလို့လိမ်ခဲ့တာလဲ ၊ ကိုမိုးဆီက ဘာလိုချင်လို့လဲ”

This is my prayerWhere stories live. Discover now