Episode 26(Unicode)

3.6K 309 10
                                    

ပန်းတော်ဝင်ဟိုတယ်၏ဥယျာဥ်၌ ဖျင်ခြုံအမိုးပုအောက်ရှိ စားပွဲဝိုင်းတွင် အန်တီဝင်း ၊ အိမ့် ၊ မမဆွေးညို့မိုရ်နှင့် ခတို့ထိုင်နေသည် ။ အိမ့်က အန်တီဝင်းခေါ်ခိုင်းသည်ဟုဆိုကာ သော်ကမြိုင်သို့ ရောက်လာသဖြင့် ခတို့ လိုက်လာခဲ့သည် ။ ဒီရောက်တော့ အန်တီဝင်းက ဒေသထွက်အစားစာ ဧည့်ခံကာ ထွေရာလေးပါး စကားပြောကြသည် ။

"သင်္ကြန်တရားစခန်းဝင်မလို့ဆိုကွယ် ၊ အိမ့်ဆီက ကြားပါရဲ့ ၊ ဘယ်ကျောင်းမှာ ဝင်မှာတုန်းကွယ်”

"ငြိမ်းရိပ်ချောင်ပါ”

မမက အန်တီဝင်းကို ပြုံးပြုံးလေးပြောသည် ။

"ဒီကျောင်းရဲ့ကျောင်းထိုင်ဆရာတော်က အန်တီ့ရဲ့ဘထွေးလေကွယ် ၊ အန်တီတို့လည်း ကျောင်းမရောက်တာကြာပြီ ၊ ညို့တို့သွားရင် တွေ့ကြမှာပါ ၊ အန်တီ ပြောပြထားလိုက်မယ်”

"ကျေးဇူးပါရှင်”

"အေးကွယ် ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုတွေ လုပ်နိုင်တာကောင်းတယ် ၊ အိမ့် သမီးလည်း ဝင်ပါလားကွယ် ၊ ခတို့နဲ့ဆိုတော့ အဖော်လည်းရတယ်”

"ဟာ မာမီကလည်း အရောက်ပို့နေပြန်ပါပြီ ၊ အိမ့် ငယ်ငယ်ရွယ်ရွယ်နဲ့ မရူးချင်သေးပါဘူး”

"တယ် ဒီကောင်မလေး ဒါဖြင့် ကျောင်းမှာ ဝေယာဝစ္စသွားလုပ်ရမယ်ကြားလား”

"ဟုတ်ကဲ့”

အိမ့်က စူပုပ်ပုပ်ဖြင့် ခေါင်းညိတ်သည် ။ ခဏကြာတော့ အန်တီဝင်းက ခတို့ကို အေးအေးဆေးဆေး စကားပြောကြဟုဆိုကာ ထွက်သွားလေသည် ။ ထိုအခါမှ ခလည်း သိချင်တာ မေးလိုက်သည် ။

"မရူးချင်ဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ”

"နင်မသိပါဘူးခယောင်းရယ် ၊ ငြိမ်းရိပ်ချောင်က သိပ်စည်းကပ်တင်းကြပ်တာ ၊ သွားသတိ လာသတိ စားသတိ အိပ်ရင်တောင် တရားမှတ်အိပ်ရတယ်ဆိုပဲ ၊ တစ်ခါကဆို အမျိုးသမီးတစ်ယောက် တရားထိုင်ရင်းနဲ့ တရားရူးရူးသွားတာ ခုထိအရူးတစ်ပိုင်းဖြစ်သွားတယ် ၊ မနိုင်လို့ ထထဖောက်ပြီး ရူးကြတာ တစ်ယောက်နှစ်ယောက်မကဘူး ၊ မမညို့ကတော့ ကျင့်သားရနေတော့ တရားထိုင်နိုင်မယ်လို့ ငါယုံတယ် ၊ နင်ကတော့ ရူးပြီး ပြန်ရောက်လာမှာ ငါမြင်ယောင်တယ် ၊ ခုထိ အချိန်မီသေးလို့ စဥ်းစားပါဦး”

This is my prayerWhere stories live. Discover now