Extra 3(U+Z)

10.4K 634 41
                                    

ရာသီဥတုက အုံ့မှိုင်းမှိုင်း ။ ခတို့၏ လိမ္မော်ခြံတွင်းရှိ စားသောက်ဆိုင်၌ ခမှာ အေပရွန်ဝတ်၍ သဘာဝလိမ္မော်ရည်ဖျော်လိုက် ခြံထွက်ကော်ဖီဖျော်လိုက်နှင့် ဧည့်သည်များကို အထူးဝန်ဆောင်မှုပေးရင်း အလုပ်များနေသည် ။

လိမ္မော်ခြံသည် တီတီခတို့ ခေတ်တုန်းကနှင့် မတူ ။ လိမ္မော်ခြံသို့ လာလျှင် ဝင်ကြေးပေးရပြီး ခြံ၌ စားသောက်ဆိုင်ဖွင့်ထားကာ ဧည့်သည်များသည် ခြံထဲတွင် စိတ်ကြိုက်လည်ပတ်ဓာတ်ပုံရိုက်နိုင်သလို ကိုယ်တိုင်အသီးခူးရန်လည်း အထူးပြင်ဆင်ပေးထားသည် ။

ကောင်တာပေါ်သို့ သွယ်လျလျလက်တစ်စုံနှင့်အတူ လက်မှတ်တစ်စောင်ရောက်လာသဖြင့် ​လိမ္မော်သီးကို ကြိတ်စက်ဖြင့် သဘာဝအရသာဖန်တီးနေရင်း တုံကင်လက်မှတ်ကို ဘေးရှိ ခြင်းထဲ ခထည့်လိုက်သည် ။

"သဘာဝလိမ္မော်ရည်သောက်မလား ကော်ဖီသောက်မလား စိတ်ကြိုက်ရွေးနိုင်ပါတယ်ဧည့်သည်ရှင့်"

"အလကားလား"

ချိုအေးသော အသံပိုင်ရှင်ကို ခကြည့်လိုက်တော့ စွဲညို့ဖြစ်နေ၍ ပြုံးသွားသည် ။ စွဲညို့ကို မန်ဆမ်မပြန်ခင် ခတို့ လိမ္မော်ခြံသို့ လာလည်ရန် ရိုစီ့ပွဲညတုန်းက ခ,ဖိတ်ခေါ်ခဲ့၏ ။ ဖုန်းနံပါတ်ချင်း ဖလှယ်ခဲ့ပြီး စွဲညို့က ဤနေ့ လိမ္မော်ခြံလာမည်ဟု ခကို ဖုန်းကြိုဆက်ထားသည် ။

"ဂိတ်မှာ ဝင်ကြေးပေးတော့ ဒီတုံကင်လက်မှတ်ပေးတယ် ၊ စားသောက်ဆိုင်မှာ သွားပြဆိုလို့"

ခတို့ လိမ္မော်ခြံ၌ ဤလက်မှတ်ပြလျှင် လာသည့် ဧည့်သည်များကို သဘာဝလိမ္မော်ရည်တစ်ခွက် တိုက်သည်မှာ ထုံးစံ ။ လိမ္မော်တုံးချိန်ဆိုလျှင်တော့ ရွေးစရာမရှိ၍ ခြံထွက်ကော်ဖီစစ်စစ်ဖျော်တိုက်သည် ။

"အဲဒီလက်မှတ်ပြရင် လိမ္မော်ရည်တစ်ခွက်အလကားရနိုင်ပါတယ်ဧည့်သည်ရှင့် ၊ ထပ်သောက်ချင်ရင်တော့ ပိုက်ဆံပေးရပါလိမ့်မယ်"

စွဲညို့က နှုတ်ခမ်းဘေးတွင် လက်ညိုးတစ်ချောင်းထောင်၍ တစ်ခွက်ပဲ သောက်မည်ဟု ပြုံးတုံ့တုံ့ပြောသည် ။ အပြင်ထုတ်ထားသည့် စင်ရှိ စားပွဲ၌ ထိုင်စောင့်ရန် မျက်စပစ်ပြလိုက်တော့ စွဲညို့က သဘောပေါက်ကာ လွတ်နေသည့် စားပွဲဘက် ထွက်သွားသည် ။ ခတို့၏ စားသောက်ဆိုင်သည် အပေါ်ထပ်တွင်မို့ လေဝင်လေထွက်ကောင်းကာ အပြင်ထုတ်ထားသည့် စင်၌ နေမပူရန် ထီးအမိုးများ လှပစွာ ချထားသည် ။

This is my prayerWhere stories live. Discover now