Episode 17(Unicode)

3.7K 331 4
                                    

ဦးစိုင်းလုံတင်ပြသည့် ခြံလုပ်ငန်းများ၌ ရှေ့လများ၏ ဝင်ငွေထွက်ငွေအသုံးစရိတ် စာရင်းစာအုပ်များကို တစ်ခုပြီး တစ်ခု စစ်ကြည့်၍ ခ,စိတ်ပျက်ရသည် ။

"ခ,ပြန်မလာရင် ဒီလုပ်ငန်းတွေ အားလုံး အရှုံးပေါ်ရောင်းပစ်ရမဲ့ ကိန်းဆိုက်နေပြီ၊ ၊ အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲ''

ခ,စာရင်းစာအုပ်များကို စားပွဲပေါ် ပစ်ချ၍ ဦးလုံကို ကြည့်သည် ။ ဦးလုံက ခေါင်းငုံ့ကာ နှုတ်ဆိတ်နေ၏ ။

"အလုပ်သမားတွေကို လစာလျှော့ရတဲ့အထိ အသုံးစရိတ်ချွတ်ခြုံကျတယ် ၊ လစဉ် အထွက်နှုန်းကျတယ်ဆိုတာ အလုပ် သေချာမလုပ်လို့ပေါ့ ၊ အပေးအယူမမျှဘူးဆိုတဲ့သဘော ရတဲ့အသားတင် အမြတ်ငွေ ဘယ်ရောက်ကုန်လို့ ဒီလို မွဲပြာနေရတာလဲ''

"စောမြမွန်က ငွေကိုင်တာပါ ၊ ဦးလုံတို့က စိုက်ခင်းမှာ သူပေးသမျှနဲ့ လောက်ဌအောင် ပြန်ဖြည့်တင်းရတာ ၊ ပိုးသတ်ဆေးဖိုး မြေဩဇာဖိုးကအစ ချွေတာနေရတာ မလွယ်ပါဘူးကွယ်''

"ဒီမိန်းမတော့”

"ခ,အရေးတကြီး အသုံးလိုရင် ဘဏ်ချေးငွေတော့ ရနိုင်သေးတယ်ကွယ်''

"ခမှာ ရှိတဲ့ပမာဏနဲ့ ဘဏ်ချေးငွေ ပေါင်းရင်​တောင် မပြည့်သေးဘူး ၊ လိုသေးတယ်''

ခ,စိတ်ပျက်စွာ ရေရွတ်၍ အကြံထုတ်သည် ။ ဦးမိုးမာန်ကို ငွေပေးရန် ချိန်းထားသည့် ရက်မှာ မလိုတော့တာမို့ ပူပန်လာသည် ။ ဤလူ လက်ထဲသို့ မမကို ထပ်အပါမခံနိုင်တော့ပါ ။

"ခ​ရေ မမထားလာတယ်ကွယ့်''

ကြီးမေ၏ အသံပြုမှုကြောင့် ခ,မျက်လုံး အရောင်တောက်သွားသည် ။ ဦးလုံကို သွားနိုင်ပြီဟု မျက်ရိပ်ပြလိုက်တော့ ဦးလုံက စာရင်းစာအုပ်ယူ၍ ထရပ်ချိန် မေမေထား ရောက်လာ၏ ။ ဦးလုံက မေမေထားကို အရိုအသေပေး၍ ထွက်သွားသည် ။ မေမေထားက ခ,ဆီသို့ ခပ်ပြုံးပြုံးလျှောက်လာပြီး ခုံ၌ ညင်ညင်သာသာ ဝင်ထိုင်သည် ။ မေမေထားက ထုံးစံအတိုင်း သာမန်ရိုးရိုးအေးအေးသာ ဝတ်စားထားသည် ။

"မေမေထားက သမီးကို သိပ်သတိရနေတာကွယ့်''

"ခလည်း သတိရပါတယ်”

This is my prayerWhere stories live. Discover now