Episode 29(Unicode)

3.1K 319 33
                                    


"ညို့တို့သားအမိ သော်ကမြိုင်မှာ မရှိတော့ဘူးခ”

ဦးလုံက ညကြီးမိုးချုပ် မြို့ထဲအိမ်သို့ လိုက်လာပြီး ဤသို့လာပြောသဖြင့် ခ,နားမလည်ဘဲ ဇဝေဇဝါဖြစ်နေသည် ။

"ဘာပြောနေတာလဲဦးလုံ ၊ မမက သော်ကမြိုင်မှာ မရှိလို့ ဘယ်မှာရှိမှာလဲ”

"စပ်ခိုင်ဖတို့ လာခေါ်သွားပြီ”

ဦးလုံက မျက်နှာမပြဝံ့စွာ ခေါင်းငုံ့သည် ။ ခ၏အပြင်သဏ္ဍန်မှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင် စစ်ပွဲတစ်ရာလောက် ဆင်နွှဲနေသကဲ့သို့ လက်နက်ဗုံးများ ပေါက်ကွဲနေ၏ ။

"ဦးလုံစိုက်ခင်းရောက်နေချိန်ဖြစ်သွားတာပါ”

"ခကို ရှင်းအောင်ပြော ၊ လာခေါ်သွားတယ်ဆိုတာ ဘယ်လိုမျိုးလဲ ၊ မမက ကြည်ကြည်ဖြူဖြူ လိုက်သွားတာလား”

ခ၏အဆုံးသတ်စကားမှာ အဖျားခတ်တိမ်ဝင်သွားပြီး မျက်ရည်တစ်စက်မှာ ပါးပြင်သို့ လွယ်ကူစွာ ခုန်ဆင်းလာသည် ။ ဦးစိုင်းလုံက ခ၏ ညှိုးညှိုးငယ်ငယ် တုံ့ပြန်ပုံကို အံ့ဩစွာ ကြည့်သည်။

"အတင်းအဓမဆွဲခေါ်ခံရတာပါ ၊ ခ စိတ်မပျော့လိုက်ပါနဲ့”

မျက်ရည်ခိုင်သည့် ခက မမငြင်းတာ ခံရလို့ ကြူကြူပါအောင် ငိုခဲ့ဖူးသည့် နေ့တွေ မနည်းတာ ဦးလုံဘယ်သိမလဲ ။ အစတည်းက ချစ်လို့မရသည့်မိန်းမဆိုပြီး မမနဖူးမှာ စာကပ်ထားသလို ရှင်းရှင်းလင်းလင်းပေါ်နေလျက် ခက မသင့်လျော်တာတွေ ပြုမူခဲ့တာ ဒီအမျိုးသမီးကို ပြောမပြတတ်အောင် သိပ်ချစ်လွန်းလို့ ။ နိုင်ပြီထင်ခဲ့သော တိုက်ပွဲတစ်ခုသည် အလစ်ခိုတိုက်ခိုက်ခံရမှ အဆုံးသတ်မဟုတ်မှန်း သိသတဲ့လား ။

"မမရယ်”

"ကိုယ်တိုင်မမြင်ဘဲ ဘာလို့ ဆွဲခေါ်ခံရတယ်လို့ အတပ်ပြောနိုင်လဲဦးလုံ ၊ ဝမ်းပန်းတသာလိုက်သွားတာလည်း ဖြစ်နိုင်တ​ယ်လေ ၊ နဂိုတည်းက ယောက်ျားကို သိပ်ချစ်တဲ့မိန်းမ,မဟုတ်လား”ဟု စောမြမွန်က ခတို့၏စကားဝိုင်းကို ခနဲ့တဲ့တဲ့ ဝင်ပြောသည် ။ ဒီမိန်းမက ဘယ်အချိန်တည်းက ခတို့နားကို ရောက်နေလဲမသိ ။ မမကို တမ်းတစွာ ကျနေသည့် ခ၏မျက်ရည်မှာ ပါးပြင်တွင် ခြောက်သွားပြီး ခက်ထန်မာကျောမှုများ အစားဝင်ရောက်လာသည် ။

This is my prayerWhere stories live. Discover now