Episode 10(Unicode)

4.1K 395 2
                                    

နေခြည်နုမှာ မျက်နှာပေါ် ရွှန်းပက်ဖြာကျသဖြင့် မျက်ခွံများ ဖွင့်ဟလာ၏ ။ နိုးနိုးချင်း ပထမဆုံးမြင်ရသူမှာ မေမေထား ။ မေမေထားက ခ၏ကိုယ်ပေါ် ခြုံထားသည့် ဂွမ်းစောင်ကို ဆိတ်ငြိမ်စွာ ခေါက်နေသည် ။

"အိပ်ပျော်လားသမီး''

"ဟုတ်ကဲ့''

"မေမေထားမနက်စာပြင်ထားတယ် ၊ မျက်နှာသစ်ပြီးဆင်းခဲ့နော်''

မေမေထား အခန်းထဲမှ ထွက်သွားတော့ ခ မျက်နှာသစ်ပြင်ဆင်၍ ညအိပ်အဝတ်မလဲတော့ဘဲ မနက်စာစားရန် ဆင်းလာသည် ။ မနက်စာဝိုင်း၌ အားလုံးရှိနေပြီး အ​တော်များများ စားပြီးကြပြီ ။ ခ,ကော်ဖီခရားယူ၍ ကော်ဖီတစ်ခွက်ငှဲ့ကာ စားပွဲဝိုင်း၌ ဝင်ထိုင်လိုက်သည် ။

"အုန်းနို့ခေါက်ဆွဲစားမယ်မဟု​တ်လားသမီး ၊ မေမေထားထည့်​ပေးမယ်​နော်''

မေမေထားက ပန်းကန်တစ်ချပ်ယူ၍ ခေါင်းဆွဲနှင့်အငွေ့တထောင်းထောင်းထနေသည့် ဟင်းရည်ထည့်ပြီး ငရုတ်သီးမှုန့် သံပရာသီးစိပ်ညစ်ထည့်ပေးသည် ။

"ဒီလထဲမှာ သားငယ်နဲ့မြေးလေး စေ့စပ်ပွဲလုပ်ရမယ် ၊ ဒါမှ ကောလဟာလထွက်နေတာတွေ ပျောက်သွားမှာကွယ် ၊ ထားထား ညည်းဘယ်လိုသဘောရလဲ''

"သားငယ်က အဆင်ပြေပေမဲ့ သမီးက အရမ်းငယ်သေးတယ်မထင်ဘူးလားမယ်မယ်ကြီး''

"ဒါကြောင့် ငါက လက်ထပ်တာ မဟုတ်ဘဲ စေ့စပ်ဖို့ ပြောတာပေါ့ ၊ အကြောင်းပြချက် မခိုင်လုံရင် ဘာဆင်ခြေမှ နားမထောင်နိုင်ဘူးကွယ်''

မယ်မယ်ကြီး ထမင်းစားပွဲဝိုင်းမှ ထသွားသဖြင့် ခ,နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည် ။

"ခက စေ့စပ်နိုင်ရင်တောင် လက်တော့မထပ်နိုင်လောက်ဘူး ၊ တို့ပြောတာ မှန်တယ်မလား''

ဘာမဆိုင်ညာမဆိုင် စောမြမွန်က ဝင်ပြော၍ မနက်စာ စားချင်စိတ်မရှိတော့ ။

"ဘာလို့ ဒီနေရာကို ခေါ်လာတာလဲ ၊ ဒီလို ရှင်သန်ပါရစေလို့ တောင်းဆိုဖူးလို့လား ၊ သူဖုန်းစားဖြစ်ဖြစ် သူခိုးကြမ်းပိုးပဲဖြစ်ဖြစ် မိဘမဲ့ဂေဟာရောက်ရောက် ထားပစ်ခဲ့​မှပေါ့''

This is my prayerWhere stories live. Discover now