Episode 18(Unicode)

3.8K 341 11
                                    

တောင်ကျ​ရေချောင်း ကျောက်ပြားချပ်၌ အဖျားကောက်ဌက်ကြီးတောင်ဓားအသွားကို ခ,ထိုင်သွေးသည် ။ ဓားသည် အင်္ဂလိပ်အရေးပိုင်မင်း ဘိလပ်မပြန်မီ ဘိုးဘိုးကြီးအား လက်ဆောင်ပေးခဲ့သည့်ဓားဟု မေမေထားပြောဖူးသည် ။ သော်ကမြိုင်၌ အမွေပစ္စည်းအဖြစ် လက်ဆက်ကမ်း သိမ်းပြီး ယခုတော့ ခ,အပိုင်ဖြစ်လာသည် ။ စမ်းရေ​အေးနှင့် ဓားကို ဆေးချ၍ အသွားထက်မထက်စမ်းကြည့်နေစဥ် ကြီးမေနှင့်မမဆွေးညို့မိုရ်တို့ ရောက်လာသည် ။

"ကြီးမေဈေးသွားဖို့ ဝယ်ခြမ်းရမယ့် ပစ္စည်းစာရင်းရေးတာ လိုတာ​များ​သေးလို့ တိုင်ပင်ရအောင် ညို့ကို ခေါ်သွားမလို့ပါကွယ်”

ဤနေ့သည် ဝါဆိုလပြည့်နေ့ဖြစ်​၍ သော်ကမြိုင်၌ ဝါဆိုသင်္ကန်းကပ်သည် ။ အလုပ်သမများကို ကျွေးမွေးအလှူပြုပြီး နှစ်စဉ်ပြုလုပ်နေကြ အလှူဖြစ်သည် ။ အစားအသောက်နှင့်လိုအပ်သမျှ ကြီးမေက ဦးစီး၍ အလုပ်သမားများကို ခိုင်းစေကာ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြသည် ။ ကြီးမေက အားလုံး စီမံခန့်ခွဲပြီး ခက လိုသည့်ငွေကို ထုတ်ပေးရုံ ။ တစ်ခြံလုံးပျော်နေကြသည်။

"ပစ္စည်း​တွေများရင် ကြီးမေတို့နှစ်ယောက်တည်း မနိုင်မနင်းနဲ့ ဖြစ်ပါ့မလား''

"မမတို့နှစ်ယောက်တည်းမဟုတ်ဘူး ၊ ရွှင်ရွှင်နဲ့ကိုခမ်းတွမ် ကိုမောင်မြင့်တို့ကို ခေါ်သွားမှာပါ''

"ဒါဖြင့် သွားလေ ၊ ဈေးကွဲသွားရင် ဝယ်ရခက်နေမယ်”

ကြီးမေနှင့်မမတို့ ကြိုးတံတားပေါ် ပြန်တက်တော့ မမ၏ကျောဘက်ကို ကြည့်၍ ခ,သက်ပြင်းချမိသည် ။ မမက ပျော်ပွဲရွှင်ပွဲများ၌ ကိုယ်တိုင် မဆင်နွှဲတတ်​သော်လည်း နောက်ကွယ်၌ အခြားသူများ ပျော်ရန် ပံ့ပိုးပေးခြင်းကိုတော့ နှစ်ခြိုက်သည် ။

ခ,ကျောက်ပြားထိပ်၌ ပြန်ထိုင်၍ ဌက်ကြီးတောင်ဓားကို ကောက်ယူကာ ဓားပြန်သွေးသည် ။ ဓားအသွား စစ်​ဆေးရန် တောင်ကုန်းစပ်၌ ပေါက်နေသည့် သစ်ကိုင်းကို ခုတ်ထစ်တော့ အတိပြတ်သဖြင့် ကျေနပ်သွားသည် ။ ထိုစဥ် ဦးလုံ ရောက်လာ၏ ။

"ဘယ်လိုလဲ ၊ ခ,ခိုင်းတာ အဆင်ပြေလား''

"ဒီမှာ စာချုပ်ပါ ၊ ခ,စစ်ကြည့်ပါဦးကွယ်''

This is my prayerWhere stories live. Discover now