Episode 13(Zawgyi)

1K 44 0
                                    

လမ်းထိပ်မှ လွင့်လာသော သင်္ကြန်သီချင်းသံမှာ မြူးကြွသည် ။ ပိတောက်ပန်းများ စပွင့်ပြီဖြစ်၍ ဇဝါက ပိတောက်ပန်း လာပေးသဖြင့် ညို့ ဘုရား၌ လှူသည် ။ ပြီးတော့ ညို့တို့ ရှေးဟောင်းနောင်းဖြစ် စကားပြောကြသည် ။ မနက်က ဒေါ်လေးယုယမီက သားမွမ်းမံကို လာခေါ်သွားသဖြင့် အိမ်၌ ညို့တစ်ဦးတည်းမို့ ဇဝါလာတော့ အပျင်းပြေရသူည် ။

"မနက်ဖြန်သင်္ကြန်ကျ​ပြီ​နော် ၊ မက ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့ရင်း ဥပုသ်စောင့်မှာမလား ၊ မရဲ့သင်္ကြန် ဇဝါနမိတ်ကြိုမြင်နေတယ်''

"မမှာ အခြားလုပ်စရာမှမရှိတာညီမလေးရယ်''

"ဇဝါ ရေကစားထွက်ဖို့ခေါ်ရင် မငြင်းဦးမှာလား ၊ သင်္ကြန်ကလေ ဇဝါ့အတွက် မ,မရှိရင် ပျော်စရာမကောင်းဘူး''

"မတို့အရွယ်က ရေကစားရမဲ့အရွယ်လားကွယ် ၊ ဥပုသ်အတူတူစောင့်ကြမယ်လေ ၊ မလည်း သားကိုခေါ်မယ် ၊ အစ်ကိုကတော့ လိုက်မယ်မထင်ဘူး ၊ ညီမလေးလည်း ကိုကိုမောင်နဲ့ဥလေးကို ခေါ်ပေါ့''

"မကတော့နော် ၊ အဖော်လာစပ်နေရတယ်လို့"

"မ,ခေါ်တာတောင် ညီမလေးက လိုက်ချင်လို့လား ၊ ကုသိုလ်လုပ်တာပဲ စိတ်ပါမှလုပ်ရမယ်ဆိုတာမျိုးမရှိပါဘူး ၊ ညီမလေးလည်း ပျော်တာပျော်ပေါ့ ၊ ဒါပေမဲ့ အမြဲတမ်းပျော်ဖို့ တွေးနေရင် မတို့ ကုသိုလ်ဘယ်ချိန်လုပ်မလဲကွယ် ၊ မတို့ရဲ့ခန္ဓာက တစ်နေ့တခြားစက္ကန့်နဲ့အမျှ အိုမင်းလာတယ် ၊ သေဖို့ တဖြည်းဖြည်းပိုနီးလာပြီဆိုတာ မမေ့သင့်ဘူး"

"မက မအိုမင်းပါဘူးနော် ၊ အရွယ်တင်နုပျိုလွန်းလို့ ဇဝါ့မှာ အားကျနေရတာ"

"ပြောလေကဲလေပါလား ၊ မက ဘာလို့ မအိုလာရမှာလဲ ၊ မ,မွေးတည်းက ဒီအရွယ်ထင်သလား ၊ ညီမလေးယှဉ်ကြည့် မရဲ့ခုပုံစံနဲ့ ဆယ့်ခြောက်နှစ်သမီးအရွယ်ကရုပ်ရည်နဲ့ တူသေးရဲ့လားလို့ ညီမလေးမြင်ရတဲ့ အလှအပဆိုတာလည်း အရေအပြားတစ်ထောက်စာပဲ ရှိတာပါ ၊ မရဲ့အရေပြားကို ခွာလိုက်ရင် ဘာမြင်ရမယ်ထင်လဲ ၊ သွေးတွေ အသားတွေ ထပ်ခွာရင် ခန္ဓာထဲမှာ အူတွေအသည်းတွေကလီစာတွေ ဘယ်မှာလှလို့လဲ ၊ လှချင်ယောင်ဆောင်နေတဲ့အပုပ်ကောင်ကြီးပါကွယ်"

This is my prayerWo Geschichten leben. Entdecke jetzt