Episode 30(Unicode)

3.2K 345 21
                                    

အအေးဒဏ်လွန်ကဲမှုကြောင့် ခအနွေးထည်ဆွယ်တာကို ရင်ဘတ်ရှေ့ဆွဲစေ့လိုက်ရင်း လက်ပိုက်ထားသည် ။ ကားမှန်အပြင်၌ မြင်မြင်သမျှ မှိုင်းရီဝေနေ၏ ။

တောင်၌ ထင်ရှူး ၊ တောင်တမာတို့အပြင် လမ်းတစ်လျှောက်၌ ပန်းသီးရိုင်းပင် ၊ မက်မန်းရိုင်းပင် ၊ တောဂွေးပင် ၊ တောကြက်မောက်ပင် ၊ ဆယ်သဖန်းပင်တို့ကိုလည်း တစ်ခါတရံတွေ့ရပြီး ဌက်ပျောခင်းများ ၊ ကြံခင်းများ ၊ နေကြာခင်းများ ၊ သနပ်ဖက်ခင်းများလည်း တွေ့ရသည် ။

ထို့အပြင် ရှမ်းပြည်နယ်၏ ရွာများမှာ သူ့နည်းသူ့ဟန်ဖြင့် သန့်ရှင်းသန့်ရပ်ပါသည် ။ မြေပြန့်က ရွာများလို ညစ်ပတ်ခြင်းမရှိ ။ ခ ရှမ်းပြည်သို့ရောက်တိုင်း အမြဲသတိထားမိ၏ ။

ရှမ်းပြည်၌ တိုင်းရင်းသားမျိုးစုံနေကြ၏ ။ ရှမ်း ၊ ပလောင် ၊ ပအို့ ၊ ဝ ၊ လားဟူ ၊ ဓနု ၊ ယင်းကြား ၊ ယင်းနက် ၊ ကိုးကန့် ၊ လီရှော ၊ တောင်ရိုး ၊ လအယ် စသည် နေကြ၏ ။ ထို့အပြင် သူတို့ ဗမာစကားပြောလျှင် တ နှင့် သ ကို ပီသအောင် မပြောနိုင်ကြ ။

ရှမ်းပြည်တောင်ပိုင်းရှိ တိုင်းရင်းသားအများစုမှာ ကြက်သွန် ၊ အာလူး စသည့် တောင်ယာလုပ်ငန်း ၊ သနပ်ဖက်လုပ်ငန်းတွေကို လုပ်ကိုင်ကြသည် ။ ပအို့သူတွေနှင့်အတူ ပင်ပန်းစွာ သနပ်ဖက်အပြိုင်ခူးနေမည့် မမဆွေးညို့မိုရ်ကို မြင်ယောင်ကြည့်သည် ။

"မမလေး ကျွန်တော်တို့ ခဏနားရင် ကောင်းမယ်ထင်တယ်ဗျ”

"ရတယ် ဆက်မောင်းပါ ၊ ခ မြန်မြန်ရောက်ချင်လှပြီ”

ခ အတော်မကျန်းမာသောကြောင့် ဦးလုံက ခကို ရွှေစာချီရွာသို့ မပို့ ။ ခ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေမယ့် ကျန်းမာရေးက တိုးတက်မလာဘဲ တစ်နေ့တခြား ဆုတ်ယုတ်လာ၏ ။ နေပြန်ကောင်းမည့်အချိန်ထိ ခ,မစောင့်နေနိုင်တော့ ။ ခ၏နမိုးနီးယားရောဂါမှာ ငုံ့လျှိုးရာမှ ပြန်လည်ဦးမော့လာသည် ။

သွားနိုင်တုန်းအချိန်၌ မမဆွေးညို့မိုရ်ဆီကို လိုက်သွားသည်မှာ အသေချာဆုံး ။ ထိုကြောင့် ဦးလုံနှင့်ကြီးမေကို မပြောဘဲ ခမ်းတွမ်နှင့်အတူ ညတွင်းကြီး ခထွက်လာသည် ။

This is my prayerDonde viven las historias. Descúbrelo ahora