Episode 20(Unicode)

4.3K 382 6
                                    

အချိန်ကား လင်းကြက်တွန်ချိန် ။ ဆွမ်းတော်လင်ဗန်းကို ကိုင်မ၍ ဘုရားဆောင်သို့ လှေကားအတိုင်း တက်လာစဉ် မီးအိမ်ဆွဲ​လေးကို ကိုင်ကာ အိပ်ခန်းမှ ထွက်လာသည့် မမဆွေးညို့မိုရ်နှင့် အမှတ်မထင် ဆုံသွားသည် ။ မျက်နှာသစ်ထားသဖြင့် မမ,မျက်နှာသည် စမ်းရေကြည်ရေပေါက်လို ကြည်လင်ဝင်းပပြီး မီးအိမ်အလင်းဖြင့် အလွန်ပနံသင့်နေ၏ ။

"ဗုဒ္ဓေါ! စောစောစီးစီး ရင်ထိတ်လိုက်ပါဘိကလေးရယ်''

မမက ခကို မြင်တော့ လက်တစ်ဖက်မှာ မီးအိမ်ကို ဆွဲကိုင်၍ အခြားတစ်ဖက်မှာ ရင်ဘတ်ကို ဖိကာ ချစ်စဖွယ် တီးတိုးရေရွတ်သဖြင့် ခ,ပြုံးမိသည် ။

"မမ,နိုး​တော့ ကလေးကို မတွေ့ရလို့ ရေအိမ်ဝင်နေတယ်ထင်တာကွယ့် ၊ ဘာလုပ်နေတာလဲ''

"မမ,ဘုရားရှိခိုးလို့ရအောင် ပြင်ပေးနေတာလေ''

"အားနာစရာ''

မမက သစ်သီးဝလံများဖြင့် ဆွမ်းတော်ကပ်ရန် ခ,ပြင်လာသည့် ဆွမ်းတော်လင်ဗန်းကို ကြည့်ကာ လည်တိုင်ကျော့ကျော့ကို ချစ်စဖွယ် ပွတ်၏ ။ မမက လင်းကြက်တွန်ချိန် အိမ်ရာထ၍ ဘုရားပန်းလဲခြင်း ၊ သောက်တော်ရေချမ်းကပ်ခြင်း ၊ ဆွမ်းတော်ကပ်ခြင်း ၊ ဘုရားဆောင် သန့်ရှင်းရေးလုပ်ခြင်းများကို ​နေ့စဉ် လုပ်နေကြဖြစ်သည် ။ ဤနေ့၌ ခက မမထက် ပိုစောစောထ၍ ကြိုပြင်ထားပေးလိုက်၏ ။

"မမက အိပ်ရာထ နောက်ကျလေသလားကွယ်''

"မကျပါဘူးမမရဲ့”

"ဟုတ်လို့လား”

"အော်အီးအီးအွတ်''

"ဟော ! ကြက်ဖတွန်တာ မမ,ကြားလား၊ မမ,အိပ်ရာထတာ အချိန်မှန်ပါလို့ခပြောသားပဲ”

"ဟုတ်ပါပြီရှင် ၊ ဒါဖြင့် ဒီနေ့ ကလေးက တယ်လုံ့လပါလား ၊ လိမ္မာလိုက်တာ''

မမသည် ပြုံးတုံ့တုံ့​ပြော၍ မီးအိမ်ဆွဲကာ ဘုရားဆောင်ဝင်သွားသဖြင့် ခ ပီတိဖြာစွာ နောက်မှ ဝင်လိုက်သည် ။ မမက ဘုရားခန်းရောက်တော့ ဘုရားပန်းအိုးတွင် ဝေဝေဆာဆာဖူးပွင့်နေသည့် နှင်းဆီပန်းများကို ကြည်နူးစွာ ကြည့်သည် ။ အလှပဆုံး အပွင့်လန်းဆုံး နှင်းဆီဖြူကို ခ,ကိုယ်တိုင် ကတ်​ကြေးဖြင့် ဖြတ်၍ ဘုရားပန်းအိုးတွင် အကျအန ထိုးထားသည် ။ ခ,ထင်သည့်အတိုင်း မမက သဘောကျနေ၏ ။ ခ, ဆွမ်းတော်လင်ဗန်းကို စင်၌ တင်ရင်း မီးခြစ်ဆံဘူး ယူကာ ဖယောင်းတိုင်ငါးတိုင်ကို စီရီစွာ ဆီမီးထွန်းညှိနေစဉ် မမက မီးအိမ်အောက်ချ၍ ပခုံးတင်ပဝါယူလွှမ်းခြုံပြီး ဘုရားရှိခိုးရန် တရိုတသေ ထိုင်စောင့်သည် ။ မမယူရန် မေ့သွားသည့် ကြေးစည်နှင့်ထုတံကို မမရှေ့၌ ချပေးတော့ မမက ပါးချိုင့်လှလှလေးတွေ ထင်းနေအောင် ပြုံးပြ၏ ။

This is my prayerWhere stories live. Discover now